(Unicode)
တီး..။ တီးဆိုတာ အဖျားစွတ်မိခေါ်မိတဲ့ သူ့ရဲ့နာမည်ဝှက်။ ဒီနာမည်လေးကို မင်းမာန် တက္ကသိုလ်ကျောင်းသားဘဝ တတိယနှစ်ကုန်ခါနီးမှ စတင်ရင်းနှီးခဲ့ရခြင်း ဖြစ်သည်။ မင်းမာန် အဲ့ဒီနေ့ကို မှတ်မိနေသေးသည်၊ အဲ့ဒီနေ့.. သူနဲ့တွေ့ဖို့ အကြောင်းဖန်လာတဲ့ အဲ့ဒီနေ့...။
ဖူးစာပါတယ်ထင်သည်၊ မနက်တန်းမရှိဘဲ ကျောင်းကန်တင်းမှာ ထိုင်ဖူးတာ ထိုနေ့က ပထမဆုံးပဲ။ ခေါင်းထဲပေါ်ရာ တွေးနေတုန်း..
"မင်းမာန်! မင်းမာန်! မင်းမာန်!"
မေဂျာတူ သူငယ်ချင်းနှစ်ယောက်က မင်းမာန် နာမည်ကို အော်ခေါ်ကာ အပြေးအလွှား ရောက်ချလာကြသည်။ မျက်နှာတွေကလည်း တစ်စုံတစ်ရာ အရေးကြီးလာတဲ့ပုံနဲ့။ ခင်ချောချစ်နဲ့ စံကားဝါမေ..၊ တရုတ်စာမေဂျာရဲ့ ဖိုက်တာကြီးတွေ..။
"နင်တို့နှစ်ကောင် ဘာဖြစ်လာကြပြန်တာလဲ"
"ခဏ၊ အမောဖြေလိုက်ဦးမယ်"
"အေးဟယ် မောတာ"
မင်းမာန်သည် ရုပ်ပိုင်းဆိုင်ရာ ပြေပြစ်မှုကြောင့် တက္ကသိုလ်ရဲ့နာမည်ကြီး စာရင်းမှာ နံပါတ်တစ်။ 'ဇွဲမင်းမာန် ဇွဲမင်းမာန်'လို့ တကျော်ကျော်ခေါ်ကာ ချည်းကပ်သူ အများစုက မင်းမာန်ကို Brandတစ်ခုလောက်သာ သဘောထားတတ်ကြသည်။ ရည်းစားဟောင်းအားလုံးကလည်း မင်းမာန်ရဲ့စိတ်ထားထက် ရုပ်ရည်ကိုသာ ကြည့်ခဲ့ကြသူများမို့ တွဲသမျှမမြဲ..။
အပေါင်းအသင်းတွေကြားမှာ မင်းမာန်ကို အဖြူထည် ခင်တဲ့သူဆိုတာ မရှိသလောက် ရှားခဲ့သည်။ ခင်ချောချစ်နဲ့ စံကားဝါမေကတော့ မင်းမာန်ကို စိတ်ရင်းနဲ့ပေါင်းသင်းပေးတဲ့ ဘော်ဒါရင်းတွေ..။ ပွင့်လင်းသလို စိတ်ရှင်းကြသူများဖြစ်သည်။
"နင် ဘာမှ မမှာဘူးလား မင်းမာန်၊ ငါ ရှင်းလိုက်မယ်"
"ငါ ရှင်းလိုက်ပါ့မယ်၊ ချောချစ်ရယ်"
"တစ်ခုခုတော့ တစ်ခုခုပဲ၊ နင်တို့ ငါ့ကို တစ်ခုခု အပြတ်ရှင်းချင်နေပြီ ထင်တယ်"
![](https://img.wattpad.com/cover/276487753-288-k234838.jpg)
KAMU SEDANG MEMBACA
5.Life - U = 0 (Completed)
RomansaSomeone said Life is meaningless without YOU. What if that YOU don't mean You? In Life - U = 0, you will see so many kinds of YOU. (01.04.2022 - 21.04.2022 )