(Unicode)
"ရံ အဆင်ပြေလား"
"ပြေတယ်၊ အခု ဘယ်သွားမလို့လဲ ကိုမင်းမာန်"
"တစ်နေရာရာပေါ့၊ ရံ မွန်းကြပ်နေမယ်ထင်လို့"
ကားမောင်းရင်း တဖက်နဲ့ ကြောင်ပေါက်စရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။ အွန်လိုင်းပေါ်က မှတ်ချက်တွေကိုသာ ရံ မြင်ရင် ခံနိုင်ရည်ရှိမယ်မထင်။ မင်းမာန်ကတော့ ရံ့ကို အတတ်နိုင်ဆုံး ကာကွယ်ထားချင်သည်။ နောက်ဆုံး ရံက လွဲပြီး အရာအားလုံးကို စွန့်လွှတ်ဖို့အထိ စိတ်ပြင်ဆင်ပြီးသွားပြီ။
"ကိုမင်းမာန် ဘာတွေးနေတာလဲ"
"ရံ့ စိတ်အားမငယ်ရအောင် ကိုယ်ဘယ်လိုထားရင် ကောင်းမလဲတွေးနေတာ"
"ကျွန်တော့်ကို အပြစ်မတင်ဘူးလား"
"ကိုယ့်ရံမှာ အပြစ်မရှိပါဘူး၊ ဒါ စုံတွဲတိုင်း ဖြစ်နေကျကိစ္စ တစ်ခုပဲ၊ ဟုတ်ပြီလား၊ လျှောက်မတွေးနဲ့ ရံ၊ အဆင်မပြေရင်-"
"ကိုမင်းမာန်ဘေးမှာ ရှိနေလို့ ကျွန်တော် တကယ်အဆင်ပြေတယ်"
မျက်လုံး အဝိုင်းသားနဲ့ ကောင်လေးကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ မြတ်နိုးသည်။ တက္ကသိုလ် ကျောင်းသား ဘဝကတည်းက ကြောင်ပေါက်စသည်သာ တစ်ဦးတည်းသော တွယ်တာရာဖြစ်လာခဲ့သည်။ ကံကြမ္မာရဲ့ ကောင်းချီးပေးမှုကြောင့် အနားမှာခေါ်ထားခွင့်ရခဲ့ပြီ။ စိတ်ရင်းနဲ့ ဝန်ခံရရင်ဖြင့် လင်းနို့လူသားလေးကို တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားပါသည်။
"ကိုမင်းမာန် ဖုန်းလာနေတယ်"
"မကိုင်နဲ့"
"ကိုင်မှရမယ် အမေတဲ့"
လူပျိုပေါက် အရွယ်ကနေစလို့ တစ်ယောက်တည်း ကြီးပြင်းခဲ့ရတဲ့ မင်းမာန်အတွက် မိသားစုဆိုတာ ဓာတ်ပုံလေးတွေ အဖြစ်သာ ကျန်ရှိနေပေမဲ့ ရံ့မှာတော့ အမေနဲ့အဒေါ် ရှိသေးသည်။ ရံ့အမေကလည်း မင်းမာန်ကို သားအရင်းတစ်ယောက်လို သဘောထားသည်။ လိုင်းပေါ်မှာ ဟိုးလေးတစ်ကျော်ဖြစ်သွားတော့ အမေ ဘယ်လောက်လန့်နေလိုက်မလဲ။
![](https://img.wattpad.com/cover/276487753-288-k234838.jpg)
BINABASA MO ANG
5.Life - U = 0 (Completed)
RomanceSomeone said Life is meaningless without YOU. What if that YOU don't mean You? In Life - U = 0, you will see so many kinds of YOU. (01.04.2022 - 21.04.2022 )