(Unicode)
"ငါကတော့ ပေါက်စနကို နင့်accountထဲ ဝင်ကြည့်ခိုင်းလိုက်ပြီ မင်းမာန်၊ ကျန်တာကတော့ နင့်အပိုင်းပဲ"
"ကျေးဇူးတင်ပါတယ် မစနိုး"
"တင်မနေနဲ့၊ ငါ့မှာ အပြစ်ကြီးတစ်ခုကျူးလွန်မိသလိုပဲ၊ ပေါက်စန စကားကိုယုံပြီး ရှာမကြည့်ခဲ့တဲ့ ငါ အသုံးမကျတာလည်း ပါတာပေါ့။ ပြီးတော့ ဘယ်သူက နင် မြန်မာလိုကြီး အပေါတလိုင်း ထားလိမ့်မယ်လို့ ထင်မှာလဲ။ ဒါပေမဲ့ ငါ cerealလို့ ရှာကြည့်သေးတယ် ထင်တယ်"
"ဘာပဲဖြစ်ဖြစ် ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်၊ အစ်မကြောင့် ကျွန်တော် ရံ့ကို မှတ်မိသွားတာ"
ရှေ့တည့်တည့်မှာ ရပ်နေတဲ့ မစနိုးကို မင်းမာန် ကျေးဇူးရှင် စာရင်း သွင်းထားပြီး ဖြစ်သည်။ စိတ်ရင်းနဲ့ ကျေးဇူးတင်မိပါသည်။ မစနိုး အစဆွဲထုတ်ပေးခဲ့လို့သာ မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့ရတာ။ နောက်ထပ် ကျေးဇူးတင်ရမယ့်သူက ခင်ချောချစ်..။ သူ အပြောကောင်းလို့ပဲ မစနိုး အထင်ပြန်တည့်ခဲ့သည်လေ။
"အဲ့တော့ နင် ဘာဆက်လုပ်မှာလဲ.. နင် ပြန်တော့မယ်ဆိုပြီး ငါ့ကို အတည်ကြီးပြောတာနော်"
"ရံ စိတ်ပြေသွားအောင် ပြောလိုက်တာပါ၊ ကျွန်တော် မပြန်ပါဘူး"
"ပြန်လာရင် ပေါက်စန အခြေအနေကို ကြည့်ပေါ့၊ အခန်းပြောင်းမယ်ဆိုလည်း ပြောင်းနေ၊ ပေါက်စန အမှန်မြင်လာမှာပါ၊ ငါသွားတော့မယ်၊ နားတော့"
"ဟုတ် အစ်မ"
မစနိုး ပြန်သွားတာနဲ့ နှစ်ကိုယ်တူ တဲလေးကို မင်းမာန် ဝေ့ဝဲကြည့်နေမိသည်။ ချစ်ဝန်းရံရဲ့ အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ ကမ္ဘာငယ်လေး..။ ဒီကမ္ဘာငယ်လေးကို မင်းမာန် ကိုယ်တိုင် ဖျက်စီးခဲ့မိသည်။ ရံ သူ့ကိုမုန်းသွားပြီ။ မင်းမာန်မျက်နှာကို ရံ မြင်ချင်မထင်..။ ဇွဲမင်းမာန်ရဲ့အဖြစ်က ပိုင်ဆိုင်ကြောင်း ဂရံဖောက်ကာမှ စာချုပ်တုနဲ့ ဝယ်ခဲ့ပါတယ်လို့ အငြင်းခံရသလိုပဲ။
အတန်ကြာ ငိုင်နေပြီးမှ ရံ ပြန်မလာခင် တစ်ခုခုလုပ်နေဖို့ ဆုံးဖြတ်လိုက်သည်။ အခန်းရှင်းရမည်။ အခန်းလေးများ တောက်ပနေခဲ့ရင် ရံ့စိတ်လေး နည်းနည်းပါးပါး ကြည်လင်လာနိုင်သည်။ အဲ့တာကြောင့်ပဲ ရှေ့ရေးကို ရင်လေးစွာ တွေးရင်း ရံ ဖွသွားတဲ့ အဝတ်ဟောင်းတွေနဲ့ ကိုယ်တိုင် ပုံထားတဲ့ အဝတ်အစားတွေကို ပြန်နေ့အောင် ခေါက်ဖို့ ပြင်ရသည်။

YOU ARE READING
5.Life - U = 0 (Completed)
RomanceSomeone said Life is meaningless without YOU. What if that YOU don't mean You? In Life - U = 0, you will see so many kinds of YOU. (01.04.2022 - 21.04.2022 )