(Unicode)
"ကျွန်တော်တို့ အစီအစဥ်ပြောင်းသွားပြီ၊ We R C Season IIကို တဝက်နဲ့ပြီးဖို့ အမိန့်ကျလာတယ်၊ သုံးရက်လောက်နေရင် ပြန်ရမယ်"
"ဗျာ!!"
ပီဒီပေါနဲ့ ဇာတ်ညွှန်းရေး ဆရာမ မနွယ်နွယ်ဝင်းတို့ ရောက်နေကြသည်။ မျက်စိမျက်နှာ မသာမယာနဲ့ ပြောလာတာက သတင်းဆိုး..။ အိပ်မက်ယောင်နေတာ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် စနောက်နေတာ ဖြစ်မှာပါလို့ မင်းမာန် စိတ်ဖြေမိသည်။ မနွယ်နွယ်ဝင်းက ရှင်းခန့်ညားနဲ့ ဒိုဒိုတို့ကို မြင်တာနဲ့ လက်ကိုပြေးဆွဲသည်။ သေချာပေါက် အရေးပေါ်ကိစ္စ တစ်ခုခုရှိနေပြီ။
"ဘာဖြစ်လို့လဲ မနွယ်"
"Programကို ရက်ချုံ့ဖို့ သတင်းရလာတယ်၊ အစ်မတို့မှာ သုံးရက်ပဲ အချိန်ရှိတော့တယ်၊ ပေးထားတဲ့ ဇာတ်ညွှန်းတွေကို ပြောင်းရမယ်၊ plan Bနဲ့သွားပြီး ending sceneကို ကျော်ချရမယ်"
"အဲ့တာဆို ကျွန်တော်တို့ season IIက flopကုန်မှာပေါ့၊ ဘာလဲ.. ဘာကိစ္စရှိလို့လဲ"
မင်းမာန်ရဲ့မေးခွန်းမှာ ရိုးသလိုလိုနဲ့ အဓိပ္ပါယ်များစွာ ပါသည်။ အကယ်၍ ပီဒိီပေါက ရံနဲ့သူ့အကြောင်း ရိပ်မိသွားလို့ ဒီလိုဆုံးဖြတ်တာဆိုရင် ခေါင်းချင်းဆိုင် ညှိနှိုင်းပေးရမည််။ မင်းမာန်တို့နှစ်ယောက်ရဲ့ အချစ်ပျိုးလမ်းကြောင့် ဘေးလူတွေကို မထိခိုက်စေလို။ ပြီးတော့ ရံ စိတ််််မကောင်းဖြစ်မှာလည်း စိုးသည်။
"ကျွန်တော်.. ကျွန်တော်.."
"ပီဒီပေါ ပြောလေ"
ပီဒီပေါက မင်းမာန်ကို တည့်တည့်စိုက်ကြည့်လာသည်။ ထိုအကြည့်တွေက ဘေးနားက ရံ့ဆီကို ကူးပြောင်းသွားတော့ စိုးရိမ်ကြီးစွာနဲ့ ရံ့လက်ကို ဆုတ်ကိုင်လိုက်မိသည်။ ဒါပေမယ့် ပီဒီပေါရဲ့မျက်ဝန်းတွေက ရံ့ဆီမှာတင် ရပ်နေတာမဟုတ်ဘဲ ဒိုဒို့ကိုတချက်ကြည့်ကာ ရှင်းခန့်ညားဆီရောက်မှ အဆုံးသတ်သည်။ ရှင်းခန့်ညားကို စူးစူးရဲရဲ စိုက်ကြည့်ရင်း...
"ကျွန်တော်လည်း သေချာမသိဘူး၊ ကျွန်တော်လည်း အထက်က အမိန့်ရတာပဲရှိတယ်၊ အဓိကက ကျွန်တော်တို့အားလုံး ဒီနေရာကနေ အမြန်ဆုံးခွာမှာဖြစ်မယ်၊ မီးပုံပွဲအတွက် တိုင်ပင်ရအောင်"

VOCÊ ESTÁ LENDO
5.Life - U = 0 (Completed)
RomanceSomeone said Life is meaningless without YOU. What if that YOU don't mean You? In Life - U = 0, you will see so many kinds of YOU. (01.04.2022 - 21.04.2022 )