Episode(19)

612 66 61
                                    

(Unicode)

"မင်းမာန် ပြန်ကြစို့လေ"

"ကျွန်တော် မလိုက်တော့ဘူး အစ်မ၊ scheduleလည်း ပြီးပြီဆိုတော့ ရံနဲ့ လိုက်သွားတော့မယ်"

"နင် ညနေ We R Cကြည့်မှာဆို"

"အင်းလေ ရံ့တို့အိမ်မှာ ကြည့်မှာ"

တရံတည်း ရံနေတဲ့ မင်းသားဖြစ်သူ ဇွဲမင်းမာန်ကြောင့် မရည်မွန် ခမျှာ သက်ပြင်းတချချ။ ဒီမင်းသားကို မိတ်လုံကျွန်းဆီ တစ်ယောက်တည်း လွှတ်လိုက်မိတာ မရည်မွန် အမှားကြီးမှားတာပဲ။ အလုပ်ဒဏ်ကြောင့် အပန်းဖြေပါစေဆိုတဲ့ စိတ်နဲ့ ပီဒီပေါတို့ကို ယုံပြီး ထည့်ပေးလိုက်မိပါတယ်၊ မရည်မွန် စုံလုံးကန်ရတဲ့ အဖြစ်။

ဇွဲမင်းမာန် ရည်းစားထားနေသည်၊ ရတဲ့ရည်းစားကလည်း  ကောင်လေး..။ ထိုကောင်လေးကလည်း အနုပညာအသိုင်းအဝိုင်းထဲက။ အရှုပ်အရှင်း ကင်းကင်း နေတတ်တဲ့ မင်းမာန်ကို လူတိုင်းက အာရုံစိုက်ကြသည်၊ မနာလိုသူများက အပြစ်ရှာထိုးချချင်ကြသည်။ ဒါကို သူက ဂရုမစိုက်တဲ့အပြင် ဟိုးအောက်ထိ ခုန်ဆင်းမယ့် အပေါက်မျိုးလုပ်နေသည်။

မရည်မွန် ကန်ကန်တက် တားမိပြန်ရင်လည်း စိတ်ထင်ရာစိုင်း သွားမှာကို စိုးရိမ်တဲ့အတွက် အလိုက်သင့်လေး ငြိမ်ပေးနေတာကို သင်းက လူရှေ့သူရှေ့တောင် ရှောင်ချင်ပုံမရ။ နေရာတိုင်းမှာ နားတွေ၊ မျက်စိတွေရှိနေမှန်း သိသိကြီးနဲ့ကို တမင်တကာ ပိုပြနေတာ။

"အဲ့တာဆိုလည်း လိုက်သွားလေ၊ မနက်ရှုတင်ရှိတာကို မေ့မနေနဲ့ဦး"

"မနက်မှ တွေ့မယ် အစ်မ၊ လာ သွားစို့ ရံ"

မင်းမာန်ကတော့ ရံ့ပခုံးကို ဘော်ဒါဘော်ရင်းဟန်နဲ့ ဖက်ရင်း စတူရီယိုထဲက ထွက်လာခဲ့လိုက်သည်။ ကားပေါ်ရောက်တဲ့အထိ ရံက ဘာတစ်ခွန်းမှ မပြောသေး။ မစနိုး ကားမောင်းထွက်လိုက်တာနဲ့..

"ကိုမင်းမာန်! သိသာအောင် အရမ်းလုပ်တာပဲ၊ သိကုန်တော့မှာပဲ ဘယ်လိုလုပ်မလဲ"

"ပေါက်စန ဖြည်းဖြည်းအော်၊ ကားနောက်ခန်းကလည်း လူမြင်ရတယ်ဟဲ့"

မစနိုးက နောက်ခန်းကို လှည့်မကြည့်ဘဲ အသံနဲ့ပဲ အော်ထိန်းသည်။ ဒါ့ကြောင့် မင်းမာန် တမင်တကာ အခွင့်ကောင်းယူကာ ရံ့ကို ဆွဲဖက်ချလိုက်ပြီး..

5.Life - U = 0  (Completed)Where stories live. Discover now