Epilogue [Life - U = 0]

979 69 40
                                    

(Unicode)

-ဟာ ငါတွေးတဲ့အတိုင်း တကယ်ဖြစ်လာပြီ၊ နေညို့နေရာ ခြံရံဆို တကယ်လိုက်မှာပဲ-

-ခြံရံ သရုပ်ဆောင်ကောင်းဖို့ပဲလိုတယ်၊ ဒါဆို ဒီစီးရီး ထိပ်ရောက်ပြီ-

-ဒီနေ့ကစလို့ မာန်မာန်နဲ့ရံရံ fanဖြစ်သွားပါပြီ၊ စီးရီးကို မျှော်လင့်နေမယ်နော်-

လူမှုကွန်ယက်ပေါ်က မှတ်ချက်ကလေးများကို ဖတ်ရင်း နှစ်ခြိုက်စွာ ပြုံးနေတဲ့ ကောင်လေးတစ်ယောက်..။ ဦးထုတ်ကို ခပ်ငိုက်ငိုက်ဆောင်းထားရင်း ဘေးပတ်ဝန်းကျင်ကို ခေတ္တ မေ့လျော့နေဟန်ရှိသည်။ အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးလာခဲ့တာများ အခုဆိုရင် တစ်လကျော်လာခဲ့ပြီ။ အထင်လွဲမှု တစ်ခုကနေ စတင်လာခဲ့တဲ့ ပတ်သတ်မှုတစ်ခုသည် အခုဆိုရင် ပြဿနာတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေပြီဖြစ်သည်။

"ခြံရံ သီချင်းပြီးခါနီးပြီ အဆင်သင့်နော်"

"ဟုတ်ကဲ့ အစ်မ"

ရံ ဒီနေ့ သီချင်းအသစ်အတွက် ရေဒီယို အစီအစဉ် တစ်ခုကို ရောက်ရှိနေသည်။ စီးရီးမှာ ပါမယ်လို့ ကြေငြာလိုက်တဲ့အချိန်ကစပြီး လူငယ်တွေကြားမှာ ခြံရံဆိုရင် ဘယ်သူမှန်း တန်းသိကြတဲ့ထိ နာမည်ထိုးတက်လာခဲ့သည်။ ရည်းစားဖြစ်သူရဲ့ အားပေးမှုနဲ့ စောင့်မျှော်နေကြတဲ့ ပရိတ်သတ်တွေကြောင့် အင်တာဗျုးတွေကိုပါ ရဲရဲဝံ့ဝံ့ ဖြေဆိုလာနိုင်ခဲ့ပြီ။ အခုလည်းကြည့်၊ FMမှာ DJအစ်မကြီးနဲ့အတူ လေလှိုင်းပေါ်ကနေ ပရိတ်သတ်တွေနဲ့ စကားပြောဆိုကြမည်ဖြစ်သည်။

"အခုနားဆင်လိုက်ရတဲ့ သီချင်းလေးကတော့ ခြံရံ သီဆိုထားတဲ့ 'အချစ်မရှိလည်း' သီချင်းဖြစ်ပါတယ်။ ခြံရံရေ ဒီသီချင်းလေးက သိပ်နားထောင်လို့ကောင်းတာပဲ။ ကဲ သီချင်းရေးဆရာကြီးကို မေးရဦးမယ်၊ ဒီသီချင်းကို ဘယ်လိုရေးဖြစ်ခဲ့တာလဲ"

"ဟုတ်ကဲ့၊ ဒီသီချင်းရေးတုန်းက ကျွန်တော် တက္ကသိုလ်တက်နေတုန်းပဲ ရှိသေးတယ်။ အဲ့မှာ ကျွန်တော့်Crushကလည်း ကျွန်တော့်ကို Crushနေတယ်လို့ ထင်ထားခဲ့တာ"

5.Life - U = 0  (Completed)Where stories live. Discover now