Episode(15)

614 75 34
                                    

(Unicode)

မွန်းတည့်ကျော်ပြီမို့ နေမင်းကြီးတောင် အနောက်ဘက်ကို ယိမ်းချင်နေပြီ။ ထပ်တရာခင်းကို ဖြတ်တိုက်လာတဲ့ လေပြေအေးကြောင့် သားချော့တေး အကူခေါ်စရာမလိုဘဲ မျက်ဝန်းများက အလိုလို မှိတ်စင်းကျလာသည်။ ညဘက် အိပ်ရေးပျက်ပါများတော့ နေ့ခင်းနေ့လည် တရေးငိုက်မယ်ကြံတုန်း...

"ကိုရံလို့.. ကိုရံနဲ့ကိုဇွဲနဲ့က ဘယ်လိုစတွေ့ကြတာလဲလို့ သားမေးနေတာ"

"ဒိုဒို.. အစ်ကိုအိပ်ချင်နေပြီ၊ ခဏလောက် ငိုက်ဦးမယ်"

"မရပါဘူး ပြောပါဆို၊ မစနိုးကို သွားမေးမှာနော်"

"ဟင်း.. ကျောင်းတက်တုန်းက လိုင်းပေါ်မှာတွေ့ကြတာ၊ အဲ့တုန်းက နာမည်ရောလူပါ မမြင်ဖူးကြဘူး.. ပြီးတော့"

မပြောမချင်း မေးနေမှာကို ရံ သိတာမို့ အကျဉ်းချုပ်ကို တိုတိုတိတိလုပ်ကာ ရှင်းပြလိုက်ရသည်။ ဒါတောင် တဲတံခါးဝကို မှီထိုင်နေတဲ့ ဒိုဒိုက သိပ်ကျေနပ်ပုံမရ။

"ကိုဇွဲက အခုမှပြန်သိတာပေါ့၊ ကိုရံတစ်ခုခုဖြစ်နေပါတယ်လို့တော့ သားထင်သား.."

"ဟင် အစ်ကိုက သိသာနေတာလား"

"သိသာတာပေါ့၊ ကိုဇွဲကို မြင်တာနဲ့ မျက်နှာက ချက်ချင်းမာသွားတာ၊ ကိုရံ့ရည်းစားက ကိုဇွဲပရိတ်သတ်.. ဟာ ဟုတ်သား ဟိုအစ်မကို ဘယ်လိုလုပ်မလဲ!"

"ရည်းစားက မဖြစ်သေးပါဘူး။ ဒါပေမဲ့ နားလည်အောင် ရှင်းပြတောင်းပန်ရမှာပေါ့၊ ပြီးတော့ ဒိုဒို.. အစ်ကိုတို့ အကြောင်းတွေကို ရန်ကုန် ပြန်ရောက်ရင်.."

"စိတ်ချ၊ မပြောဘူး၊ ဒါမျိူးဆိုတာ နှုတ်လုံပေးရမှန်း သားတို့သိပါတယ်၊ တော်ကြာ ပရိတ်သတ်တွေ သိသွားရင် ဒါ နည်းတဲ့ ကိစ္စကြီးမဟုတ်ဘူး"

"ပရိတ်သတ်တွေ.."

ဒိုဒို့စကားကြောင့် ရံ တုန်လှုပ်မိသွားသည်။ ကိုဇွဲမင်းမာန်သည် တိုင်းသိပြည်သိ သရုပ်ဆောင်မင်းသားတစ်ယောက်။ ပရိတ်သတ် အခိုင်အမာရှိပြီး အချစ်ရေးမှာ တည်ငြိမ်လွန်းသူလို့ သတင်းမွှေးလှသည်။ ကိုမင်းမာန်လို နာမည်ကျော်ကို မပြောလေနဲ့၊ ရံ့မှာတောင် ချစ်သူခင်သူ အားပေးသူတွေ ရှိသေးသည်။ အကယ်၍များ ရံတို့ကိစ္စက လူသိရှင်ကြား ဖြစ်ပါပြီတဲ့..၊ သေချာပေါက် ဟိုးလေးကျော်လိမ့်မည်။

5.Life - U = 0  (Completed)Tempat cerita menjadi hidup. Temukan sekarang