(Unicode)
"ရံ ဗိုက်ဆာနေပြီလား.."
ရံ ကားပေါ်တက်တက်ချင်းမှာပဲ ကိုမင်းမာန်က ချိုသာစွာမေးလာခြင်း ဖြစ်သည်။ မေးခွန်းကို မဖြေအားသေး၊ ကားတစ်ခုလုံးကို ရှေ့ပြန်နောက်ပြန် ဝေ့ဝိုက်ကြည့်မိသည်။ လူတင်မက၊ စီးတော်ကားပါ ဖြူသန့်တောက်ပြောင်လို့..။
"မဆာသေးဘူး၊ ကိုမင်းမာန် ရောက်လာတာ မြန်လိုက်တာ"
"ကိုယ့်ကို မကြည့်ဘဲ ဘယ်တွေကြည့်နေပြန်တာလဲ"
"ကားကြီး မိုက်လို့လေ၊ ကျွန်တော်က ကားမမောင်းတတ်ဘူး၊ မောင်းရမှာ ကြောက်လို့"
"ကိုယ်သင်ပေးမှာပေါ့ ရံရဲ့၊ ဒါနဲ့ ဒါလေးက..."
ကားမောင်းထွက်ရင်းတဖက်နဲ့ ရံ့ပေါင်ပေါ်က ကြောင်အိမ်လုံးလေးကို လက်ညိုးထိုးကာ မေးလာသည်။ အဲ့ကျမှ ရံလည်း သမီးကို အထဲကနေ ထုတ်ပြီး အလွမ်းသယ်ခန်း စပါလေတော့သည်။
"ကျွန်တော့်သမီးလေ၊ သမီးလေး.. ဖေဖေ့သမီးလေး ဖေဖေက လွမ်းနေတာ"
"ညောင်"
"သမီးလေးလည်း လွမ်းနေတာလား"
မင်းမာန်ကတော့ ဒီကြောင်သားအဖကြောင့် ပါးစပ်မစိနိုင်တော့..။ ရံ့ကို ကြောင်ပေါက်လို့ ခေါ်မိတာလည်း မပြောနဲ့၊ ကြောင်ဘာသာစကားကို နှိုက်နှိုက်ခြွတ်ခြွတ် နားလည်နေတာကိုး။ သဘောတကျ ပြုံးကြည့်နေတာကို သူ့သမီးငြိမ်သွားမှ မြင်သွားပုံရသည်။
"ကိုမင်းမာန် ဒါ ကျွန်တော့်သမီး.. ချစ်သမီးတဲ့၊ သမီး ဒါ ဖေဖေ.. ရည်းစား ဇွဲမင်းမာန်တဲ့။ ကိုမင်းမာန် ကြောင်ချစ်တယ်မလား"
"ချစ်တာပေါ့၊ အရမ်းချစ်တာ၊ ချွဲနေတာလေးကိုက ချစ်စရာလေး"
တကယ်ဆို မင်းမာန်က ကြောင်ထက် ခွေးပိုချစ်သည်။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ၊ မောင့်ကိုမင်မှတော့ မြှောင့်လည်းခင်ရမှာပေါ့။ ရံကတော့ ဝမ်းသာသွားဟန်နဲ့..
"သမီးကိုလေ ကျွန်တော်တို့အိမ်ရှေ့လာပစ်သွားတာ၊ ကျွန်တော် ချစ်တတ်မှန်းသိလို့ထင်တယ်၊ ကျွန်တော့်နာမည်ပါအောင် ချစ်သမီးလို့ပေးလိုက်တာ၊ အမေက ကြောင်မချစ်တတ်ဘူး၊ ကျွန်တော့်အဒေါ်ဆိုပိုဆိုး၊ ကိုမင်းမာန် ချစ်လို့တော်သေးတာပေါ့၊ ဒါနဲ့ အခု ဘယ်လိုသွားနေတာလဲ ကိုမင်းမာန်"
YOU ARE READING
5.Life - U = 0 (Completed)
RomanceSomeone said Life is meaningless without YOU. What if that YOU don't mean You? In Life - U = 0, you will see so many kinds of YOU. (01.04.2022 - 21.04.2022 )