(Unicode)
အချိန်လွန်မှ အမှားသိပြီး အမှန်ပြင်ချင်ကြတဲ့ ခံစားချက်ကို နောင်တလို့ခေါ်သည်။
တစ်ဦးတစ်ယောက်နဲ့ ပတ်သတ်ပြီး နောင်တအကြိမ်ကြိမ်ရဖူးတယ်ဆိုရင် အမှတ်သည်းခြေမရှိဘူးလို့ ပြောကြသည်။
အမှတ်သည်းခြေကို လစ်လျူရှုတာနဲ့ ရူးမိုက်တဲ့သူလို့ သမုတ်လိမ့်မည်။
ဒါဆိုရင်.. သူက နောင်တများစွာရဖူးပေမယ့် အမှတ်မရှိတဲ့ အရူးတစ်ယောက်...။
~Celebrity Hot News~
"မင်္ဂလာပါရှင်။ နေ့စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Celebrity Hot News ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ လူငယ်တွေကြားမှာ အပြောများနေတဲ့ ရုပ်ရှင်သရုပ်ဆောင် ဇွဲမင်းမာန်နဲ့ အဆိုတော် ခြံရံတို့ 'တွဲနေပြီလား'ဆိုတဲ့ သတင်းအကြောင်းအရာကို တင်ဆက်ပေးသွားမှာပါ"
"ဒီနေ့နေ့လည်အစောပိုင်းလောက်မှာပဲ မင်းသားနဲ့အဆိုတော်တို့ရဲ့ နှစ်ယောက်တွဲပုံတွေပါဝင်တဲ့ Postတစ်ခုဟာ 'မြင်နေရတာ သွေးရိုးသားရိုးလား' ဆိုတဲ့ခေါင်းစဉ်မျိုးနဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ပါတယ်။ လက်တွဲတာတွေ၊ သိုင်းဖက်ထားတာတွေ ပါဝင်နေတဲ့ပုံရိပ်တွေကြောင့် နှစ်ယောက်သား တွဲနေကြတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့အတူ နှစ်ဖက်ပရိတ်သတ်ကြားမှာပါ တင်းမာမှုတွေရှိလာခဲ့တာပါ။ ဒါ့အပြင် LGBTအသိုင်းအဝိုင်းဘက်ကရပ်တည်တဲ့ ထောက်ခံသူတွေပါပေါ်ပေါက်လာခဲ့ပြီး ဂုဏ်ပြုပေးတဲ့သူတွေလည်း ရှိလာပါတယ်"
"ဇွဲမင်းမာန်နဲ့ ခြံရံဟာဆိုရင် We Are Challengers ရသစုံအစီအစဉ် Season IIမှာ အတူပါဝင်ခဲ့ကြတာဖြစ်ပြီး ထုတ်လွှင့်ပြသနေစဉ်မှာပဲ ဒီလိုကောလဟလတွေ ထွက်လာခဲ့တာပါ။ အစီအစဉ်မှာ တစ်ခန်းထဲနေထိုင်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ကောလာဟလကို ဖြေရှင်းပေးဖို့အတွက် နှစ်ဦးနှစ်ဖက်က ထုတ်ပြန်ချက်တွေကို ပရိတ်သတ်တွေက စောင့်မျှော်နေကြပါတယ်"
"ဒီသတင်းကို တင်ဆက်ပေးခဲ့တဲ့သူကတော့ ကျွန်မ မယ်လနီပဲ ဖြစ်ပါတယ်။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင်"
YOU ARE READING
5.Life - U = 0 (Completed)
RomanceSomeone said Life is meaningless without YOU. What if that YOU don't mean You? In Life - U = 0, you will see so many kinds of YOU. (01.04.2022 - 21.04.2022 )