🧡Author Note🧡

495 48 15
                                    

(Unicode)

အားလုံးပဲ မင်္ဂလာပါရှင်။ ကျေးဇူးတင်စကားဆိုဖို့အချိန် ရောက်လာပြန်ပါပြီ။ Nini_Melanieပါရှင်။ နည်းနည်းရှည်ပေမဲ့ behind the storyလေးကို ပြီးအောင်ဖတ်ပေးပါနော်။

(1) မိတ်လုံကျွန်းနဲ့ ဒါးရမ်းမျိုးနွယ်စု

LU0အကြောင်း ပြောပြရမယ်ဆိုရင် LU0က နီရေးခဲ့ဖူးသမျှထဲမှာ အပင်ပန်းဆုံးတစ်ပုဒ်ဖြစ်ခဲ့တယ်ပေါ့နော်။ မင်းသားနဲ့ အဆိုတော်ဇာတ်ကို ခင်းရမယ်ဆိုတော့ plotချရမှာ နီ့အတွက် အရမ်းကြပ်တည်းပါတယ်။ အဲ့တာကြောင့်ပဲ မိတ်လုံကျွန်းကို ဖန်တီးခဲ့ရပြီး We R Cရိုက်ကွင်းတည်ဖို့ အကြောင်းဖန်လာတာပါ။

နီအနေနဲ့ အပြင်မှာရှိတဲ့ လူမျိုးစုအကြောင်းကို မဖော်ပြချင်ခဲ့တာမို့ ဒါးရမ်းလူမျိုးကို စတင်ပုံဖော်ရပါတယ်။ နီ ဇာတ်လမ်းပျင်းသွားမှာစိုးလို့သာ ချန်လှပ်ထားခဲ့ရပေမဲ့ မိတ်လုံကျွန်းနဲ့ ဒါးရမ်းမျိုးနွယ်စုကို နီ သမိုင်းကစလို့ မြေအနေအထား၊ ဝတ်စားဆင်ယင်မှု၊ နေထိုင်မှုပုံစံ၊ ဘာသာစကားတွေကစ သေချာပြင်ဆင်ခဲ့တာပါ။ အခါအခွင့်ကြုံမှ နီ ချပြပေးပါဦးမယ်။

(2) We R C

နောက်တစ်ခုက We R Cပေါ့နော်။ နီလေ We R Cမတိုင်ခင်မှာ ရသစုံပေါင်းများစွာကို အစီအစဉ်ဖော်ကြည့်ခဲ့ပါတယ်။ Idol Project, On Scren Lover, Music Bandစတာတွေကို အစပျိုးကြည့်ပေမဲ့ နီ ချထားတဲ့ ဇာတ်ကောင်တွေရဲ့ အရည်အသွေးကို ထိမိအောင် မဖော်ကျူးနိုင်ခဲ့ပါဘူး။ နောက်ဆုံး We R Cကပဲ LU0နဲ့ နောက်ficကို ချိတ်ဆက်ပေးနိုင်တဲ့ ထွက်ပေါက်တစ်ခု ဖြစ်ခဲ့တာပါ။ ရသစုံရိုက်ကူးရေး အကြောင်း ဖော်ပြရာမှာ လက်တွေ့မကျခဲ့သည်ဖြစ်စေ၊ လိုအပ်ချက်များ ရှိခဲ့သည်ဖြစ် စေ နီ့ကို နားလည်ပေးဖို့ တောင်းခံချင်ပါတယ်ရှင်။

(3) General Knowledge

နောက်တစ်ခုက ဗဟုသုတပိုင်းဆိုင်ရာ အကြောင်းပြောချင်ပါတယ်။ သတိထားမိကြမှာပါ၊ နီက နှစ်ပါးသွားကစလို့ နီ လက်လှမ်းမှီရာ ဗဟုသုတလေးတွေကို အနည်းအများ ficထဲမှာ ဖော်ပြပေးတတ်ပါတယ်။ နီ ဒီအကျင့်ကို ဘယ်မှာရခဲ့သလဲဆိုရင် ငယ်ငယ်ကအိမ်မှာ ဖေဖေ့စာအုပ်တွေထဲက ဆရာကြီးမင်းသိင်္ခစာအုပ်တွေ ဖတ်ရာကနေ မှတ်သားစရာတွေ အများကြီးရခဲ့တဲ့အတွက် ငါလည်း တစ်နေ့တစ်ချိန်ချိန် စာရေးဖြစ်ခဲ့ရင် ထည့်ပေးချင်တယ်ဆိုပြီး စိတ်ကူးလေးရှိခဲ့ဖူးလို့ပါ။ သို့ပေမဲ့ ဒီတစ်ခေါက်က ဇာတ်လမ်းနဲ့လိုက်အောင် အများအပြား ထည့်ခဲ့ရတဲ့အတွက် စာရေးသူတစ်ယောက်အနေနဲ့ LU0လေး dropခံလိုက်ရမှာကို အရမ်းစိုးရိမ်ပါတယ်။ လိုအပ်တာများ ရှိခဲ့ရင် နီ့ကို အကြံပေးပါနော်။ နီ ဂရုတစိုက်ပြင်ဆင်ပါ့မယ်ရှင်။ နီ ကိုးကားချက်များကို နီ အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်။

5.Life - U = 0  (Completed)Where stories live. Discover now