Part-1

11.6K 610 41
                                    

(Unicode)

" ထယ်... မောင့်ရဲ့ ထယ် လေး...
မောင့်ရဲ့အချစ်လေး ထတော့လေကွာ..."

" ခနလေးပါပဲမောင်ရဲ့...ငါးမိနစ်လောက်ပဲ"

ကျနော့်လက်မောင်းပေါ်ခေါင်းအုံးပြီး အိပ်နေတဲ့ ထယ်...

မျက်နှာပေါ်ဟိုတစဒီတစ ကျနေတဲ့ဆံနွယ်လေး
တွေကိုနောက်ကိုသပ်ပေးပြီးနမ်းရှိုက်မိတယ်။

မျက်နှာအစိတ်အပိုင်းလေးတွေကို လက်ချောင်းလေးနဲ့အသာအယာထိတွေ့မိတော့ မျက်နှာလေးကတစ်ချက်တွန့်သွားသည်။လှတယ်တယ်။အရမ်းလှတယ်။မောင့်ရဲ့ထယ်။မောင်ရဲ့နတ်သားလေး။

" ထယ် ထတော့လေကွာ...မောင်အလုပ်သွားရအုံးမယ်လေ..."

" ထပါပြီမောင်ရဲ့..."

Jungkook ကုတင်ပေါ်ကထကာ Taehyung
ကိုပွေ့ချီရင်းရေချိုးခန်းထဲသို့ခေါ်သွားသည်။

" ဟိုဘက်လှည့်...မောင် ထယ့် ရဲ့ကျောပြင် အနောက်ကိုဆပ်ပြာတိုက်ပေးမယ်..."

မောင်ပြောသည့်အတိုင်းကျနော်နောက်ကျောပေးပြီးရပ်လိုက်တော့ လက်ကလေးနဲ့အသာအယာပွတ်တိုက်ပေးနေသည်။

တဖြည်းဖြည်းနဲ့မောင့်ရဲ့လက်က ခါးအောက်ပိုင်းကိုဆင်းလာပြီးတင်ပါးပေါ်ကိုရောက်လာခဲ့သည်။

" မောင်...တော်ပြီလေကွာ မနေ့ညကလည်း..."

"အဟားဟားး...ထယ် ကလည်း မောင်ဘာမှမလုပ်ပါဘူး..."

ထယ့် ရဲ့လည်တိုင်ပေါ်က ညိုပုတ်ပုတ်အမှတ်အသားလေးတွေကို ခပ်ဖွဖွလေးနမ်းရှိုက်မိသည်။

" မောင်..တော်တော့လို့ဆို..."

ခပ်ပြုံးပြုံးလုပ်နေသည့် Jungkook

"ကောင်းပါပြီဗျာ..."

-
-
-

ရေချိုးပြင်ဆင်ပြီးသည့် Taehyung မှာအိမ်အောက်ထပ်ကိုဆင်းလာကာ Jungkook အတွက်မနက်စာပြင်ပေးနေသည်။

Dear...Maung~ (Completed)Where stories live. Discover now