Part-7

4.2K 336 7
                                    

(Unicode)

" မောင်~"

မောင့်ရဲ့လက်မောင်းကိုခေါင်းအုံးရင်းမောင့်ရင်ခွင်ကျယ်ကြီးထဲမှ မောင့်ကိုနိုးနေမိသည်။

အရာအားလုံးအဆင်ပြေသွားသည်မို့ ပျော်နေမိတယ်။မောင်ကအရင်လိုထယ့်ကိုရှောင်တာတွေလည်းမရှိတော့လူကပိုစိတ်ချမ်းသာရသည်။

လူတိုင်းဘဝမှာ တစ်ခါတစ်လေတော့ အမှားကိုလုပ်မိတတ်ကြတာပဲမဟုတ်လား။
သို့သော်အမှားလုပ်မိသည့် အကြောင်းအရင်းကိုသေချာသိပြီး ခွင့်လွှတ်ပေးတတ်ဖို့တော့လိုမည်လေ။ မှားချင်လို့မှားကြတာမှမဟုတ်ပဲ။

" မောင်...ထတော့လေအလုပ်သွားရအုံးမယ်မဟုတ်လား..."

နေ့ရက်တွေကအရင်တိုင်းပင်။သာယာဖွယ်ရာအတိ။

Jungkook Taehyung ကိုထွေးပွေ့ထားလေသည်။

ကျနော့် ရင်ခွင်ထဲကနေနိုးနေသည့် ထယ်...

စတော်ဘယ်ရီရနံ့ကိုယ်သင်းနံလေးကိုရှူရှိုက်ရင်း ပိုတိုးလို့ဖက်ထားမိသည်။

" မောင်...ထယ် ပြောနေတာရောကြားရဲ့လား"

" အင်း...ဒီတိုင်းလေးခနလောက်နေကြအောင်..."

"နေလို့မရဘူးမောင်ရဲ့... အလုပ်ရှိသေးတယ်လေ.. "

" မသွားဘူး။ဒီနေ့တစ်နေ့လုံး ထယ့်ကိုပဲအချိန်ပေးမယ်"

Jungkook Taehyung ပါးပြင်ကို
သူ့နှာခေါင်းတွေနစ်ဝင်သွားအောင်ထိနမ်းနေသည်။

မျက်နှာတစ်ခုလုံး နေရာလပ်မကျန်
အောင်ကို နမ်းနေသည့်မောင်။

" ထယ် က မသွားလို့မဖြစ်ဘူး မောင်...Jiminတစ်ယောက်တည်းဖြစ်နေမယ်..."

" ထယ် ကလည်း သူလည်းထိန်းနိုင်ပါတယ်...အဲ့လောက်တော့..."

" မဖြစ်ဘူးမောင်...သူကစိတ်သိပ်မရှည်ဘူး...အဲ့တာကြောင့်..."

တော်တော်ပြောရခက်လိုက်တာကွာ။တစ်နေကုန်အနားမှာထားချင်လို့ပါဆို။မောင့်ရဲ့ ထယ် လေးကတော့ ခေါင်းမာတဲ့ကလေးလေးလိုပါပဲ။

Dear...Maung~ (Completed)Opowieści tętniące życiem. Odkryj je teraz