Part-22

3.8K 294 39
                                    

(Unicode)

" ထယ်..."

ထယ့်အနောက်ကို လိုက်သွားခဲ့မိတယ်။
ကားအတွင်းသို့ဝင်ရန်ပြုနေသည့် ထယ်။
ကျနော်ထယ့်ကို စကားပြောချင်တယ်။ပြောမှလည်း ဖြစ်မည်။

Jungkook Taehyung လက်ကောက်ဝတ်လေးကိုဖမ်းဆွဲလေသည်။

" လွှတ်..."

" ခနလေးပါ...တကယ်ကို ခနလေးပါ..."

ရင်ခွင်ထဲ ထည့်ကာ အတင်းဖက်ထားမိသည်။

" ငါ့ကို လွှတ်စမ်း!...မင်းလို လူက ငါ့အသားထိဖို့ မတန်ဘူး..."

" မောင်ရဲ့အသက်ကလေးကို လွမ်းနေခဲ့တာ..."

" Jeon Jungkook!!! "

ကျနော့်ကို တွန်းထုတ်လိုက်သည်။
ထယ့်ရဲ့ အကြည့်တွေက ကျနော့်အပေါ် ခံစားချက်တွေမရှိတော့သည့်အတိုင်းပင်။

" မောင့်ကိုထပ်ထားမသွားပါနဲ့နော်...ဒီတစ်ခါထယ်သာထားသွားရင် မောင်အသက်မရှင်နိုင်ဘူး
သေလိမ့်မယ်..."

" အဲ့တာဆိုလည်းသေလိုက်လေ...ငါနဲ့မင်းက ဘာပတ်သတ်မှုမှမရှိတော့ဘူး...စကားအပြောအဆို ဆင်ခြင်ပေးပါ Jeon Jungkook..."

" ထယ်ရယ်... မောင် နောင်တတွေရနေပါပြီ...အဲ့လိုမျိုး ပစ်ပစ်ခါခါတော့မလုပ်ပါနဲ့လား..."

" နောင်တရတာ မင်းအပိုင်းလေ...အခုချိန်မှာ ငါပျော်ရွှင်နေတယ်... မင်းလည်း ငါ့နည်းတူ ပျော်ရွှင်နေမယ်လို့ ထင်တယ်..."

နောင်တရတယ်လို့ သူပြောပိုင်ခွင့်မရှိဘူး။
သူသာ နောင်တရမှာကို သိရင် အစကတည်းက မရှုပ်သင့်ဘူး။

" လူကြီးလူကောင်းဆန်ပေးပါ...ငါနဲ့မင်းအခုတွေ့နေတယ်ဆိုတာကလည်း အလုပ်ကိစ္စကြောင့်ပဲ...
ပြီးခဲ့တာတွေကို ပြန်အစဖော်နေလို့ ဘာမှထူးမလာဘူး..."

ထယ့်ရဲ့စကားလုံးတွေက ကျနော်ကို အထိနာစေတယ်။
နှလုံးသားကို နာကျင်စေတယ်ဆို ပိုမှန်လိမ့်မည်။
ကျနော် နှုတ်ကနေ စကားတစ်လုံးမှ ထွက်မလာခဲ့တော့ပေ။

Dear...Maung~ (Completed)Wo Geschichten leben. Entdecke jetzt