Part-14

4K 317 42
                                    

(Unicode)

လူသူလာရောက်မှုနည်းပါးလွန်းသည့် စျာပန အခန်းအနားလေး။

အပြင်မှ ရပ်နေစဲ။မဝင်ရဲသေး။ မောင် များစိတ်ဆိုးမလား။
မောင့်အမေကရော ကြည်ဖြူပါ့မလား။ဘာပဲဖြစ်ဖြစ် ဝင်မှတော့
ဖြစ်မယ်။မောင့်ရဲ့အဖေက ထယ့်ရဲ့အဖေပဲလေ။

Taehyung စိတ်ပိုင်းဖြတ်ကာ ဝင်သွားလေသည်။

" လာရောက်ပေးလို့ ကျေးဇူး-"

လာရောက်သူတွေကိုဂါရဝပြုနေတဲ့ JungkookအမေကTaehyung ကို မြင်တော့ မျက်နှာထားချက်ချင်းပြောင်းသွားသည်။

" မင်း လာရဲသေးတယ်ပေါ့... "

" အမေ... ထယ်က..."

" ထွက်သွား!...နင့်ကြောင့်...နင့်ကြောင့် ငါ့သားကထားသွားတာ...ငါ့ယောက်ျားသေတာလည်း နင့်ကြောင့်...ငါတို့မိသားစုလေး ပျက်စီးသွားအောင်လုပ်တဲ့ တရားခံက နင်ပဲ Kim Taehyung!..."

မောင်အမေ့က အပြစ်တင်စကားတွေပြောနေပြန်တယ်။

Taehyung ခန္ဓာကိုယ်လေးကို လည်း ထုရိုက်နေသည်။

" အရှက်မရှိလာရဲသေးတယ်နော်..."

အသံလာရာ ဘက် Taehyungလှည့်ကြည့်မိတော့ Yuri ပင်။

Yuri က မောင့်အမေနားသို့လာပြီး ပခုံးလေးကို ဖက်ထားသည်။

" မျက်နှာပြောင်တိုက်လိုက်တာ... သမီးရယ်...သူ့ကို ဒီနေရာကနေ အမြန်ဆုံး မောင်းထုတ်ပေးပါ..."

" ကြားတယ်နော်...ကိုယ့်နေရာကိုယ်သိ နင့်ကို ဒီမှာ ဘယ်သူမှအလိုမရှိဘူး... "

Yuriက ခပ်ပြောင်ပြောင်ပင် Taehyung ကိုမောင်းထုတ်နေသည်။

မောင့်အမေကို သူပိုင်သည်ဆိုတဲ့သဘောဖြင့်ပြောနေသည်။

" ဆိုင်တယ်...ထယ်နဲ့ဆိုင်လို့ ဒီနေရာကို လာခဲ့တာ...မောင့်အဖေက ထယ့် ရဲ့အဖေပဲ... မဆိုင်တဲ့သူကသာ မျက်နှာပြောင်တိုက်ပြီး အရှက်မရှိ ကပ်ဖားနေတာ..."

Taehyungဒေါသဖြစ်ကာ Yuriကို ပြောလိုက်သည်။

တောက်တွေခေါက်ကာ အောက်နှုတ်ခမ်းကို ပြတ်လုမတတ်ကိုက်နေသည့် သူမက အထိနာသွားပုံပင်။

Dear...Maung~ (Completed)Où les histoires vivent. Découvrez maintenant