(Unicode)
တစ်ညလုံးပတ်ရှာနေခဲ့သည်။
အတူလိုက်ပါလာသည့် Yoongi Hyungကိုလည်း အားနာလာသည်။မောင်ရယ်။ဘယ်တွေများသွားနေခဲ့တာလဲ။
မနက်ငါးနာရီထိုးမှ Taehyung အိမ်ကို Yoongi ကလိုက်ပို့ပေးလို့ရောက်ခဲ့သည်။
စိတ်ထဲမှာတော့တစ်မျိုးကြီးဖြစ်နေသည်ပင်။" မောင်"
မီးဖိုခန်းထဲမှာ ရေသောက်နေသည့် မောင်။
အဝတ်အစားတွေကလည်း ဖရိုဖရဲဖြစ်နေသည်။
အခုမှပြန်ရောက်ခဲ့တာလား။အပြေးလေး ဖက်ထားမိတယ်။
" မောင်...ဘယ်တွေသွားနေတာလဲ...ထယ် ဘယ်လောက်တောင်စိတ်တွေပူနေတယ်ဆိုတာရောသိရဲ့လား..."
မောင့်စီက နွေးထွေးတဲ့အပွေ့အဖက်လေးပြန်မရခဲ့ပေ။
စကားသံလေးလည်း ထွက်မလာချေ။
ဘာတွေဖြစ်နေတာလဲ မောင်ရယ်။" မောင်...ထယ်မေးတာကိုဖြေပါအုံး..."
" အော်...ဖြေစရာမလိုဘူးထင်လို့ပါ..."
အေးစက်စက်စကားသံတွေက မောင့်နှုတ်ခမ်းဖျားကထွက်လာလို့လာသည်။
မောင်ကအခု ထယ့် ကို လျစ်လျူ့ရှု့နေတာလား။
မောင့်စီက မိန်းကလေးသုံးရေမွှေးနံ့ပြင်းပြင်းလည်းရနေတယ်။မဟုတ်မှ။
" မောင်ခန..."
Taehyung Jungkook လက်ကိုဆွဲကာ မျက်နှာချင်းသေချာဆိုင်စေသည်။
မောင်ရဲ့အင်္ကျီတွေကို သေချာလိုက်နမ်းကြည့်မိသည်။ဟိုတစ်ခါက ရခဲ့တဲ့အနံ့ပဲ။
နောက်ပြီး ထိပ်ဆုံးကရှပ်အင်္ကျီကြယ်သီးကပြုတ်နေခဲ့သည်။လည်ပင်းမှာလည်း အနီအညိုအကွက်တွေရော။" ထယ် ဘာလုပ်နေတာလဲ..."
" မောင်...ဘယ်သွားခဲ့တာလဲ အမှန်တိုင်းပြောပြ... "
" အမှန်တိုင်း? ထယ် ကရော မောင့်ကို အမှန်တိုင်းပြောခဲ့လို့လား..."
YOU ARE READING
Dear...Maung~ (Completed)