(Unicode)
Jungkook မနက်အစောကြီး ထကာ အလုပ်သို့သွားရန်ပြင်ဆင်နေသည်။
ကျနော်သားလေးကိုလည်း မူကြိုပို့ရအုံးမည်လေ။
" Le Yoonလေး...မနက်စာစားရအောင်..."
ဧည့်ခန်းထဲ ထိုင်ကာ ကာတွန်းကြည့်နေသည့် သားလေးကို လှမ်းခေါ်လိုက်သည်။
ကျနော်တို့မနက်စာစားက ဖွယ်ဖွယ်ရာရာမရှိပေ။
ကြက်ဥကြော်နှင့် ထမင်းဖြူလေးသာဖြစ်သည်။ဒီလအတွက် အသုံးစရိတ်က အမေကို တစ်ဝက်ပေး တာနဲ့။ အကြွေးဆပ်နေရတာနဲ့တင် သိပ်မကျန်တော့ အကုန်ချွေတာနေရသည်။
အမေကလည်း ပိုက်ဆံကပေးသလောက်မလောက်နိုင်ဖြစ်နေတော့ ပိုအခက်တွေ့ရသည်။မခေါ်မပြောပေမဲ့ သားတစ်ယောက်အနေနဲ့ မိဘဆိုလို့ တစ်ယောက်တည်း ကျန်တော့သည့် အမေကိုကြည့်ရမည့်တာဝန်က ရှိသေးသည်မလား။
" သားလေး...စားနိုင်တယ်မလား..."
" Nae...Appa ချက်ပေးတာအကုန်ကြိုက်..."
သားလေးက ကျနော့်အပေါ်အရွယ်နှင့်မလိုက်အောင်ကိုသိတတ်သည်။
ဘယ်တော့မှမပူဆာသလို တခြားကလေးတွေလိုလည်း အဆော့သိပ်မက်ပေ။
တစ်ယောက်တည်းငြိမ်ငြိမ်လေးသာနေတတ်သည်။လူကြီးဖြစ်သည့် ကျနော့်အတွက်ဒီလိုတွေက စားနေကြဖြစ်တော့ သိပ်တော့အခက်မတွေ့ပေ။
ဒါပေမဲ့ သားလေး Le Yoonကိုတော့ အစားအသောက်ကောင်းတွေနဲ့ ပြည့်ပြည့်စုံစုံနေစေချင်သည်။ကျနော်ပေးနိုင်တာဆိုလို့ ဖခင်မေတ္တာတွေသာ ရှိသည်။မိခင်မေတ္တာကတော့ သားလေးအတွက် မရခဲ့ချေ။
" Appa...Yoon လေး ဗိုက်တင်းသွားပြီ..."
ဗိုက်လေးကို ပွတ်ကာ ပြောနေသည်။
" အာ...အဲ့တာဆို Appa တို့ မူကြိုသွားမယ်နော်..."
အိမ်ကနေထွက်ကာ ဘက်စ်ကားမှတ်တိုင်အထိ လမ်းလျှောက်ရသည်။
မူကြိုက ကျောင်းကားအတွက် ငွေကြေးကိုတောင် ကျနော်မတတ်နိုင်ခဲ့ပေ။" မောနေပြီလား..."
" Yoon လေး မမောပါဘူး..."
ခြေထောက်ပိစိလေးတွေက လမ်းသိပ်မလျှောက်နိုင်ပေ။ မောနေပေမဲ့လည်း လိမ်ပြောနေသည့်
သားလေးကြောင့် ကျနော်စိတ်မကောင်းဖြစ်မိသည်။
VOUS LISEZ
Dear...Maung~ (Completed)