(Unicode)
တခါတရံမှာ ကိုယ်ကချစ်လွန်းတော့လည်း လက်လွှတ်လိုက်ရတဲ့ အခိုက်အတန့်တွေရှိခဲ့သည်။
ကိုယ့်ကို မချစ်တော့လို့ ရင်ဝကိုစုံကန်။နှလုံးသားကိုနာကျင်အောင်ဆော့ကစားကာ နင်းခြေပစ်ပြီး သူတစ်ခြားသူကိုမှစွဲလမ်းနေရင်တော့ ထပ်ပြီး မဆွဲထားသင့်တော့ပေ။" လက်လွှတ်လိုက်သင့်လား..."
" ကိုယ်အနေနဲ့ ဘာမှဝင်ပြောပိုင်ခွင့်မရှိဘူးလေ..."
Namjoon Hyung က အပြင်မှာတွေ့ဖို့ချိန်းလို့စားသောက်ဆိုင်လေးမှာ နေ့လည်စာ စားရင်း မောင့်ရဲ့အကြောင်းကိုပြောမိနေသည်။
လက်လွတ်လိုက်ချင်တယ်။
မောင်ကမှ ထယ့်အပေါ် မြူတစ်မှုန်စာလောက်တောင် ချစ်စိတ်မရှိတော့တာ ဆက်ပြီး ချုပ်နှောင်မထားချင်တော့ဘူး။ပင်ပန်းလွန်းတယ်။" မောင့်ကို ချစ်ရတာ ပင်ပန်းတယ် Hyung..."
" အင်း...ကိုယ်သိတယ်..."
" မမုန်းနိုင်ဘူး...အခုချိန်ထိ မောင့်ကို ချစ်လားမေးရင် ချစ်တယ်ပဲ ပြောမိမယ်ထင်တယ်..."
Taehyung Namjoon ကိုရင်ဖွင့်လေသည်။
ယောင်း ရယ်...အချစ်ကြီးလှချည်းလား။
" ယောင်းရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို ကိုယ်လေးစားပါတယ်...ယောင်း အကူအညီလိုရင်လည်း ကိုယ် အတတ်နိုင်ဆုံးကူညီပေးမယ်..."
" ကျေးဇူးပါ Hyung..."
Namjoon Hyung ကပါးချိုင့်လေးတွေပေါ်သည်အထိ ပြုံးပြနေသည်။
-
-
-နေ့လည်စာကို Yuri က အပြင်မှ ထွက်စားချင်တယ်လို့ အတင်းပူဆာလွန်းလို့ Jungkook ထွက်လာခဲ့လိုက်သည်။
ကိုယ်ဝန်ရှိတယ်ဆိုတဲ့အကြောင်းပြချက်လေးကြောင့် အကုန်လိုက်လုပ်ပေးနေရတော့သည်။
စားသောက်စရာတွေမှာပြီး စားနေသည့်Jeon
သူတို့ဝိုင်းနဲ့မလှမ်းမကမ်းမှာ ရှိနေတဲ့ Kim Taehyung ကိုဆိုင်အတွင်းဝင်လာကတည်းက သတိထားတယ်။
ဒါပေမဲ့ Jeon ကမမြင်လို့သာ မပြောဖြစ်တာ။
အခုတော့ သူတို့နှစ်ယောက်ကြား မီးနည်းနည်းမွှေးပေးမှဖြစ်မယ်။
ESTÁS LEYENDO
Dear...Maung~ (Completed)