(Unicode)
ငါးနှစ်ခန့်ကြာပြီးသော်....
နှစ်တွေအလီလီ ပြောင်းလဲပြီးဘယ်လောက်ပဲကြာသွားခဲ့ပါစေ မောင့်အသက်လေးကို စောင့်နေစဲ။
အမှားတစ်ခုက ပြန်ပြင်မရအောင်ကို ဖြစ်ခဲ့သည်။
မောင်အသက်ရှင်နေရတာ အကြောင်းအရင်းမဲ့နေခဲ့တယ်။
ထယ်က မောင့်ရဲ့အေးချမ်းရာလေးလေ...နေရောင်ခြည်နဲ့ ရေမရတဲ့အပင်လေးတွေက အစာမချက်နိုင်ရင် တဖြည်းဖြည်း ညိုးနွမ်းပြီးသေဆုံးခဲ့ရသည်။
ထိုနည်းတူ မောင့်ဘဝရဲ့အလင်းရောင်လေးမရှိတော့ လမ်းပျောက်နေခဲ့တာကြာပြီ။
ဗလနတ္တိ ရှင်းလင်းပြင်ကြီးထဲ အသက်ရှင်နေရတာ ခက်ခဲလွန်းတယ်။
မောင့်စီ တစ်ခါတော့ ပြန်လာပေးပါ ထယ်။ထယ်သာမောင်နဲ့နောက်တကြိမ်ပြန်ဆုံခဲ့မယ်ဆိုရင်...
" ဒီနေ့က အရေးကြီးတယ်...အားလုံးဂရုစိုက်ဖို့လိုအပ်တယ်နော်... အမှားတစ်ခုမှမရှိစေနဲ့..."
" ဟုတ်ကဲ့ပါ ခင်ဗျာ့..."
" အမှားတွေထပ်မလုပ်ဖို့မျှော်လင့်တယ်..."
" ဟုတ်ကဲ့ ကျနော်အမှားမရှိအောင်ဂရုစိုက်မှာပါ..."
ကြယ်ငါးပွင့်အဆင့်ရှိသည့်စားသောက်ဆိုင်ကြီးတစ်ခုမှာ အလုပ်လေးရခဲ့တယ်။
ကျနော်အတွက်အကုန်လုံးအဆင်ပြေနေခဲ့တယ်။
တစ်ခုပဲ...ထယ်ရှိမနေတာတစ်ခုပဲ။ဒီနေ့က နေ့ထူးနေ့မြတ်လေး။နိုင်ငံခြားကနေကျနော်အလုပ်လုပ်နေသည့် စားသောက်ဆိုင်ကို ရှယ်ယာကမ်းလှမ်းမည့်ကိစ္စလေးပင် ဖြစ်သည်။
-
-
-တစ်လမ်းလုံးတိတ်ဆိတ်နေလျက်ပင်။လေယာဥ်စီးထားလို့များ ခရီးပန်းနေတာလား။
ခေါင်းများကိုက်နေတာလား။အလိုမကျဟန် မျက်ခုံးနှစ်ခုက တွန့်ချိုးထားသည်။ နှုတ်ခမ်းလေးစူကာ တစ်ခုခုကို ပြော
ချင်နေပုံပင်။" ကိုကို..."
" ပြောပါ ခင်ဗျာ..."
" ဗိုက်ဆာတယ်... "
" ကိုကို ကလေးလေးက ဗိုက်ဆာနေပြီလား...
" အွန်း..."
YOU ARE READING
Dear...Maung~ (Completed)