Part-23

3.7K 287 25
                                    

(Unicode)

" ငယ်...ထတော့လေ..."

" အွန်..."

" ထတော့လေ အဆိုးလေး..."

" ဟင့်အင်း...ကိုကို ရင်ခွင်ထဲနေချင်သေးတယ်..."

Namjoon ရင်ခွင်ထဲအိပ်ပျော်နေသည့် Taehyung...

မနက်တိုင်း နိုးရခက်သည့် ကျနော် ငယ်လေး။
အခုလည်း ကျနော့်ရင်ခွင်ထဲ ကွေးကွေးလေး အိပ်နေပြန်သည်။

" ကိုကိုနဲ့ ဒီနေ့သွားစရာရှိတယ်လေ..."

" သိတယ်လေ ကိုကို..."

" အဲ့တာဆို ထတော့လေ..."

" ဟုတ် ကိုကို..."

အိပ်မှုန်စုန်ဖွားဖြစ်နေသည့် ငယ်။

မျက်လုံးလေးတွေက မပွင့်ချင်သေး။လက်လေးနဲ့ပွတ်နေသည်။

" ငယ်...မျက်လုံးကို အရမ်းမပွတ်နဲ့လေ နာကုန်မယ်..."

" ငယ်ကအိပ်ချင်သေးတာကို..."

" အကြာကြီး မအိပ်ရဘူးလေကွာ...ခေါင်းမူးမယ်လေ..."

" ဟွန့်..."

စူပုတ်လေးလုပ်ကာ ရေချိုးခန်းထဲဝင်သွားခဲ့သည်။
ကျနော်ကတော့ ငယ့်အတွက်မနက်စာလေးပြင်ဆင်ပေးဖို့ အတွက် မီးဖိုခန်းလေးထဲ ဝင်သွားခဲ့သည်။

" ကိုကို..."

" ဗျာ..."

" ငယ်တို့ မင်္ဂလာဆောင်ပွဲလေး အမြန်ဆုံးကျင်းပချင်တယ်... "

မနက်စာစားနေရင်း ငယ့်က မင်္ဂလာကိစ္စဖွင့်ဟလာသည်။

" ကိိုကိုက ငယ့်သဘောပါ...အမြန်ဆုံးလက်ထပ်လိုက်တာ ကိုကိုကပိုတောင် ကြိုက်သေးတယ်..."

"အဲ့တာဆို ဒီလအတွင်း အမြန်ဆုံး စီစဥ်လိုက်မယ်လေ..."

" ဟုတ်ပါပြီ ဗျာ..."

" ဝတ်စုံလည်းရွေးရမယ်...ဖိတ်စာလည်း ဝေရမယ်..."

" အဲ့ကိစ္စတွေကို ကိုကိုအကုန်လုပ်လိုက်ပါမယ် ငယ်က ငယ်ဖြစ်ချင်တာပဲပြော ဟုတ်ပြီလား..."

"ဟီး...ကိုကိုက အကောင်းဆုံးပဲ..."

Taehyung ထံမှလေးထောင့်ဆန်ဆန်အပြုံးလေး။

Dear...Maung~ (Completed)Where stories live. Discover now