Part-32

3.4K 270 12
                                    

(Unicode)

ခြေတံသွယ်တို့က လှပနေလျက်။ဒေါက်ဖိနပ်အနက်ရောင်တို့ကပိုထင်းလို့ ခြေတံသွယ်တို့ကို အလှတိုးစေသည်။
ခြေချိတ်ကာထိုင်ထားသည်။ဝတ်ထားသည့် စကပ်အတိုတို့ကခြေချိတ်ထိုင်ထားသောကြောင့်
အရှက်မပေါ်ရုံတမျှသာ။ထို့အပြင်
ရင်ဟိုက်ကြိုးတစ်လုံးအနီရောင်ဝတ်ဆင်ထားသေးသည်။
သူမက လှပသည်။သို့သော် အပြင်ပန်းအလှက အတွင်းစိတ်ပုပ်ပွနေမှုကို သေချာစွာမဖုံးဖိနိုင်ပေ။

" ကိုယ်တို့ဘယ်အချိန်လက်ထပ်ကျမလဲ..."

ဝိုင်သောက်နေသည့်သူမ။ရှက်ပြုံးလေးပြုံးသွားကာ ရှေ့သို့ကျဆင်းနေသည့် ဆံနွယ်လေးတို့ကို နားအနောက်သို့ ညှပ်လိုက်ရင်း...

" စောလွန်းမနေဘူးလား..."

" ကိုယ့်အတွက်က Yuriနဲ့အမြန်နီးစပ်ချင်တာအခုတောင်တော်တော်နောက်ကျနေပြီ..."

" လက်မထပ်ခင်ကိစ္စလေးတွေ အရင်ရှင်းပေးမယ်ပြောထားတယ်မဟုတ်လား..."

" ကိုယ်အကုန်ရှင်းပေးပြီးပြီလေကွာ..."

" အဟား...တစ်ခုခုများမေ့နေပြီလား..."

Yuriကအသက်ကြီးကြီးငါးဆယ်ဝန်းကျင်လူတစ်ယောက်နှင့်တွဲနေသည်။
ထိုလူသည်လည်း မူးယစ်ရာဇာလို့ဆိုရမည်။
လူဆိုးလူမိုက်ခေါင်းဆောင်တစ်ဦးပင်။
ပိုက်ဆံရှိလို့ ကပ်ထားသည့်သဘောဖြစ်သည်။
အကြွေးမှန်သမျှ Yuriရဲ့အရှုပ်မှန်သမျှကို ထိုလူကသာလိုက်ရှင်းပေးနေရသည်။

" ကိုယ်ဘာထပ်လုပ်ပေးရမလဲ အချစ်လေး..."

" အချိန်တန်ရင်ပြောမယ်လေ..."

" ဟုတ်ပြီ...အခုတစ်ခါအချစ်လေးYuri ခိုင်းမဲ့ကိစ္စပြီးသွားရင် ကိုယ့်ကို လက်ထပ်မယ်မဟုတ်လား..."

" ဒါပေါ့..."

ဝိုင်ခွက်ကလေးအသာချကာ...

" Yuriပြန်တော့မယ်..."

" ကိုယ်နဲ့မပျော်ချင်ဘူးလား..."

" ဟင့်အင်း...သားလေးစီသွားချင်လို့..."

" သားလေးလုပ်နေတယ်အချစ်ရယ်... သူ့ကို
တကယ်လည်းမချစ်ဘဲနဲ့ကွာ..."

Dear...Maung~ (Completed)Where stories live. Discover now