(Unicode)
ကျနော့်အရှေ့မှာရှိနေသူမကိုလည်း မုန်းသည်။
ကံကြမ္မာရဲ့စမ်းသပ်ချက်တွေကိုလည်း မုန်းသည်။" ဒီတိုင်းပဲ မတ်တပ်ရပ်ခိုင်းထားတော့မှာလား..."
ချွဲနွဲ့နွဲ့ သူမရဲ့စကားသံ။ထိုအသံတွေကိုလည်း ကျနော်မုန်းသည်။
မျက်နှာပြောင်တိုက်နိုင်လွန်းတယ်။ဘယ်လို သတ္တိမျိုးနဲ့ ဒီနေရာကိုလာရဲရတာလဲ။
" ပြန်တော့..."
" Taehyung Shii ကစိမ်းကားလိုက်တာ..."
" ဒီနေရာကနေ မင်းကိုမကြိုဆိုဘူး..."
" သေချာလို့လား..."
Taehyung မှ Yuriကို ထိုင်လို့လည်းမပြော။
ဒီတိုင်းသာ မတ်တပ်ရပ်ခိုင်းထားသည်။မကြိုဆိုသည့်အပြင်မောင်းထုတ်နေသည့် သဘောပင်။" နေရာလေးကလှသားပဲ...Taehyung Shii က နေရာကောင်းလေးကိုတော့ရွေးတတ်သား..."
" မင်းကို ဒီနေကနေမကြိုဆိုဘူး Jung Yuri...အဲ့တော့ လာရာလမ်းအတိုင်းသာကြွပါတော့..."
" အဟား...စိတ်လေးထိန်းပါအုံး...ကိုယ့်ရဲ့ ပထမဆုံး ဧည့်သည့်ကိုဘာလို့ အတင်းနှင်ထုတ်နေရတာတုန်း..."
" မင်းလို ဧည့်သည်မျိုးအတွက်ဆိုရင်တော့ ငါ့ရဲ့ဆိုင်က အမြဲတံခါးပိတ်ပြီးသား...မင်းနားလည်မယ်လို့ ထင်ပါတယ်..."
Taehyung ရဲ့ခနဲ့တဲ့တဲ့ စကားလုံးတွေကြောင့် Yuriမျက်နှာကွက်ခနဲပျက်သွားသည်။
သို့သော် ချက်ချင်းဟန်ဆောင်ပြုံးကာ..." Yuriထိုင််မယ်နော်..."
" ဆိုင်ကတော့ သန့်ရှင်းရေးပြန်လုပ်ရတော့မယ်..." ဟုရေရွတ်ရင် Taehyung လည်း Yuri
နှင့်မျက်နှာချင်းဆိုင်တွင် ခြေချိတ်ကာ ဝင်ထိုင်လိုက်သည်။" ရောက်လာမှတော့ အကြောင်းရှိလို့ဖြစ်မယ်...ဘာတွေထပ်ပြီး ကလိမ်ကျအုံးမလို့လဲ ပြောပါအုံး..."
Yuri လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
စိတ်ထိန်းမှရမယ်။ မဟုတ်ရင် သူငါ့ရဲ့ဂွင်ထဲဝင်မှာမဟုတ်ဘူး။" အတိတ်ကအမုန်းတွေကို မေ့လိုက်ကျရအောင်...ဖြစ်ခဲ့တာတွေကိုမေ့ပစ်လိုက်ပေးပါ..."
YOU ARE READING
Dear...Maung~ (Completed)