Part-46

3.4K 281 42
                                    

(Unicode)

မိတ်ဆွေအသိုင်းအဝိုင်းတွေကြား စည်းကားနေသည့် စျာပနအခန်းအနားလေး။

Namjoon ရဲ့ ဓာတ်ပုံလေးအရှေ့မှင်သေသေနှင့် အသက်မရှိသည့် လူတယောက်ပမာ ထိုင်နေသည့် Taehyung...
သူ့ရဲ့အတွေးတွေထဲ ဘာတွေများရှိနေမလဲ။
စိတ်ထိခိုက်နေမှာတော့ အသေအချာပင်။

လာရောက်သည့်ဧည့်သည်တွေကို ဂါရပြုနှုတ်ဆက်နေသည်ကတော့ Namjoon ၏ မိခင်ပင်။
စိတ်ထိခိုက်နေပေမဲ့ လူကြီးတစ်ယောက်ဆိုတော့ စိတ်ကိုတင်းခံထားရနေသည်။

" ထယ်..."

Jungkook Taehyung အနားထိုင်လိုက်သည်။

Namjoon ရဲ့အမေက Jungkook လာတော့ ရှောင်ပေးသွားခဲ့သည်။

Taehyungပခုံးလေးကိုထိလိုက်တော့...

" မထိနဲ့...."

" ထယ်ရယ်...အဲ့လိုကြီးမလုပ်ပါနဲ့...ရင်ထဲမှာဘာလို့ကြိတ်ခံစားနေတာလဲ...ငိုချလိုက်ပါ..."

" ဘာလို့ငိုရမှာလဲ...ငယ့်ကိုကိုက အသက်ရှင်နေသေးတယ်လေ...ငယ်က ဘာလို့ငိုရမှာလဲ...
ငယ့်စီကိုကိုပြန်လာမယ်ဆိုတာသိတယ်..."

ထယ်က သူ့ကိုယ်သူငယ်လို့ သုံးနှုန်းကာ ပုံစံကလည်း အသိစိတ်လွတ်ချင်နေတယ်။
ဒီလိုပုံစံမျိုးတော့မောင့်ရဲ့ထယ်နေလို့မဖြစ်ဘူးလေကွာ။

" ထယ်..."

" ငယ်...ငါကထယ်မဟုတ်ဘူး...ငါက ကိုကို့ရဲ့ငယ်...ဟုတ်တယ်ငါက ကိုကို့ရဲ့ငယ်...ဒါကြောင့်ထယ်ဆိုပြီး မခေါ်နဲ့..."

Taehyung ရဲ့ပုံစံကိုကြည့်ကာ Jungkookပါမျက်ရည်တွေကျလာသည်။

" ထယ်...အသိစိတ်ရှိစမ်း!...Namjoon ဆိုတဲ့
ထယ့်ရဲ့ကိုကိုက လောကကြီးကနေထွက်သွားပြီလေ...ဒါကြောင့်မို့ ထယ်ကျေးဇူးပြုပြီး ငိုချလိုက်ပါ...ပူဆွေးသောကရောက်ပေးပါ...အခုလို့ အသိစိတ်လွတ်နေသလိုတော့မလုပ်ပါနဲ့ ထယ်ရယ်..."

Taehyung ခေါင်းတွင်တွင်ခါရင်း...

" ဟင့်အင်း...ကိုကိုမသေဘူး....ကိုကိုလုံးဝမသေဘူး...ငယ့်ကိုကို ကိုသေတယ်လို့မပြောပါနဲ့...ကိုကိုအခုချိန်ထိအသက်ရှင်နေတယ်...ငယ်သိတယ်..."

" ထယ် အဲ့လိုမျိုးမလုပ်ပါနဲ့ကွာ မောင်တကယ်ရူးတော့မယ်..."

Jungkook Taehyung ကို ဖက်မလို့လုပ်တော့...

Dear...Maung~ (Completed)Where stories live. Discover now