(Unicode)
(မောင့်အသက်ကလေး...ချစ်််တယ်...)
Taehyung အပေါ် မောင့်အသက်ကလေးလို့ သုံးနှုန်းကာ ခေါ်ခဲ့သည့် Jungkook...
နောက်ဆုံးအချိန်မှာတော့ Jungkook သူ့ရဲ့ စကားကို သက်သေပြသွားခဲ့သည်။
Taehyung အတွက်ဆိုအသေခံရဲသည်။တစ်ချက်မတွေဝေဘဲ သူ့ရဲ့ နှလုံးသားလေးကိုပေးခဲ့တယ်။
Taehyung အတွက် မိဘတွေကိုတောင်အတိုက်အခံလုပ်ကာလက်ထပ်ယူခဲ့သည်။
Jungkook လိုသူဋ္ဌေးသားတစ်ယောက်က တစ်ကောင်ကြွက်လေးဖြစ်တဲ့ Taehyung ကိုလက်တွဲကာ ရဲရဲဝံ့ဝံလက်ထပ်ယူခဲ့တယ်။
ကိုယ့်ခြေထောက်ကိုယ်ရပ်တည်ကာ Taehyung ကိုလိုလေသေးမရှိလည်း ထားခဲ့သည်။ခနတာအမှားတစ်ခုကိုကျူးလွန်ခဲ့ပေမဲ့။
Jungkook Taehyumg ကို အသက်ထက်ပိုချစ်ခဲ့သည်။
Jungkook ရဲ့ပထမဆုံးနဲ့နောက်ဆုံးအချစ်က Taehyung ပင်။
ကျောင်းတုန်းကတည်းက Taehyung အတွက်ဆို ရန်ဖြစ်ပြီး အမြဲကာကွယ်ပေးခဲ့သည်။
ချစ်သူဖြစ်ခါစအချိန်လေးမှာတော့ Taehyungကို လာဗင်ဒါခင်းကြီးထဲခေါ်သွားကာ ချစ်ရေးဆိုကာသေချာဖွင့်ပြောခဲ့တယ်။
တူညီတဲ့ ကျောင်းသားဝတ်စုံလေးတွေနှင့်။
လာဗင်ဒါခင်းထဲအတူလက်တွဲကာ လမ်းလျှောက်ကာ ရယ်မောခဲ့ကြသည်။မောင့်ရဲ့ချစ်ခြင်းသက်သေ လာဗင်ဒါ။-
-
-( မောင့်ကို ချစ်လားလို့မေးရင် ချစ််တယ်လို့ပဲဖြေမိလိမ့်မယ်...)
ချစ်လွန်းလို့ မမုန်းနိုင်ခဲ့ဘူး။အတူနေပြန်နေမယ်ဆိုလည်း နာကျင်ရမယ်။
Taehyung Jungkook အပေါ် ချစ်ခြင်းမေတ္တာတွေကတုနှိုင်းမဲ့ခဲ့သည်။
မောင်ကသူ့အပေါ်ကျူးလွန်းခဲ့တဲ့အပြစ်တွေကိုတောင် ခွင့်လွှတ်ပေနိုင်ခဲ့တယ်။
သစ္စာဖောက်ခဲ့တာကိုသိပေမဲ့ ဘယ်တော့မှမမုန်းခဲ့။အပြစ်လည်းမမြင်ခဲ့။နာကျင်မှုတွေကိုသာ ရင်ဝယ်ပိုက်ရင်း Jungkook ကိုဆက်ချစ်ခဲ့သည်။
နှလုံးသားထဲက မောင်ကအမြဲတမ်းရှင်သန်သွားခဲ့ပြီ။Taehyung မုန်းခဲ့သည်က သူ့ကိုယ်သူပင်။မုန်းတယ်လို့ခံယူထားသည့်Le Yoon လေးကိုလည်းချစ်ပေးနိုင်ခဲ့သည်။
ကိုယ့်ရဲ့သွေးသားရင်းမဟုတ်။အမုန်းဆုံးအမျိုးသမီးရဲ့သွေးသားပေမဲ့ ချစ်ပေးနိုင်ခဲ့သည်။
Jung Tae လေးနဲ့တန်းတူမေတ္တာတရားတွေပေးနိုင်ခဲ့သည်။
KAMU SEDANG MEMBACA
Dear...Maung~ (Completed)