(Unicode)ဒုန်း!
" ဘာ!!!"
" ဖြေးဖြေးပြောပါ Jiminရယ်"
နေ့လည်စာ စားရင် ဖြစ်ကြောင်းကုန်စင်တို့ကို Taehyung Jiminကိုပြောပြလိုက်သည်။
ဖြစ်ခဲ့သည့်အကြောင်းကိုကြားသည်နှင့် မျက်နှာတစ်ခုလုံးရဲတက်လာကာ လက်တွင်ကိုင်ထား
သည့် ရေခွက်အားစားပွဲပေါ်သို့ အားနှင့်ဆောင့်ချလိုက်သည့် Jimin..." လက်ပါ ပါတဲ့အဆင့်ဆို အဲ့အဘွားကြီးတော်တော်လွန်သွားပြီကွ... "
" ငါ့ စိတ်တွေလေးနေတယ် Jimin...မောင့်ကို ငါ့ဆီကနေ သူတို့တွေဆွဲထုတ်သွားမှာကြောက်တယ်..."
"Taehyung မင်းဘာမှမကြောက်စရာ မလိုဘူး...လက်ထပ်ပြီးပြီပဲ...ကလေးကစားတာမှမဟုတ်တာအလွယ်လေးကွဲမလား... ပြီးတော့ Jungkook က မင်းကို သူ့အသက်ထက်ချစ်တာပဲ..."
Taehyung Jimin ၏ နှစ်သိမ့်စကားကြောင့် အနည်းငယ်တော့အားရှိသွားသည်။
ဟုတ်တယ်။မောင်က ဘယ်လိုနည်းနဲ့မဆို ထယ့် ကိုပစ်သွားမှာမဟုတ်ဘူး။
ကိုယ့်ကိုယ်ကိုယ်အားပေးနေပေမဲ့ စိတ်တွေကလေးလံနေတုန်းပင်။
မောင့်ကို ကျနော် သိပ်ချစ်တော့လည်း အမြဲတွေးပူနေရတော့သည်ကလည်း အကျင့်တစ်ခုလိုဖြစ်နေပြီထင်ပါရဲ့။-
-
-အလုပ်နားချိန်ဖြစ်၍ ရုံးခန်းထဲတွင် အနားယူနေမိသည်။
Jungkook သည်လည်းအတွေးတွေနဲ့ပင်။
ဟိုတနေ့က ထယ် ဘာဖြစ်လာတာလဲ။အဲ့နေ့ညကပြန်ပြီးနောက်ပိုင်းမျက်နှာလည်းမကောင်းဘူး။
Jimin နဲ့ ပတ်သတ်မှုတော့မရှိနိုင်။
တခြားကိစ္စတစ်ခုခုရှိနေတာတော့ဖြစ်မယ်။ဒေါက်...ဒေါက်...ဒေါက်...
" ဝင်ခဲ့ပါ..."
ဝင်ခွင့်ပြုလေတော့ ဝင်လာသည့်သူမ။
"Jeon..."
ŞİMDİ OKUDUĞUN
Dear...Maung~ (Completed)