Part-2

5.9K 387 32
                                    

(Unicode)

Taehyungမနက်စာပြင်ဆင်ပြီး Jungkookကိုနိုးဖို့ အပေါ်ထပ်ကိုတက်လာခဲ့သည်။

အခန်းတံခါးဖွင့်လိုက်တော့အိပ်ပျော်နေတဲ့မောင်။
ကုတင်နားသွားကာ မောင့်မျက်နှာလေးကိုသေချာကြည့်မိတယ်။မောင်ကအိပ်နေရင် ကလေးလေးအတိုင်းပါပဲလား။

မောင်ရဲ့နှာခေါင်းလုံးလုံးလေးကို ဖွဖွလေးနမ်းမိလိုက်တော့...

"မိပြီ...သူခိုးလေး...ခိုးနမ်းနေတယ်ပေါ့..."

"မောင် အိပ်ပျော်နေတာမဟုတ်ဘူးလား..."

" မောင်က ထယ် ဝင်လာမှန်းသိလို့အိပ်ချင်ယောင်ဆောင်နေ
တာ...ထယ် ဘာလုပ်မလဲသိချင်လို့လေ..."

"မောင်ကလည်းကွာ...နိုးနေရင်လည်းအလုပ်သွားဖို့ပြင်ဆင်တော့လေ..."

Jungkook အကြောလေးဆန့်ကာ...

" အွန်းးး...မထချင်သေးဘူး..."

"မောင်နော်...ထတော့လို့...ထယ် ဆိုအလုပ်သွားဖို့အကုန်ပြင်ဆင်ပြီးပြီ...မနက်စာလည်းလုပ်ပြီးပြီ..."

"မောင့်ကို Morning kissလေး..."

Jungkook နှုတ်ခမ်းလေးစူကာ Taehyungမျက်နှာနားကပ်လာသည်။

ကျနော် လည်းမောင့်ရဲ့မျက်နှာလေးကို လက်နှစ်ဖက်နဲ့အုပ်မိုးကာကိုင်လိုက်ပြီး အနမ်းချိုချိုလေးတွေခဏတာဖန်တီးဖြစ်တယ်။

"တော်ပြီလေမောင်ရဲ့... အလုပ်ကနေ့တိုင်းနောက်ကျနေရင်မကောင်းဘူး..."

" ဟုတ်ပါပြီမောင့်အသက်ကလေး...မောင် ရေသွားချိုးလိုက်အုံးမယ်..."

" ထယ် ကမောင့်အတွက်အဝတ်အစားထုတ်ပေးထားမယ်နော်..."

ရေချိုးခန်းထဲဝင်သွားသည့် Jungkook

Taehyung Jungkook အတွက် အနက်ရောင်အနောက်တိုင်းဝတ်စုံလေးကို ဗီဒိုလေးထဲမှ ထုတ်ပေးသည်။

မောင်ကငယ်ငယ်ကတည်းကစတိုင်အမြဲကျတာ။ဘာဝတ်ဝတ်ကြည့်ကောင်းနေတယ်။

Dear...Maung~ (Completed)Where stories live. Discover now