Part-13

4K 334 37
                                    

(Unicode)

အချစ်ကြီးပြန်တော့အပြစ်တွေလုပ်နေလည်း မမုန်းရက်ပေ။ နာကျင်မှုတွေကိုသာရင်ဝယ်ပိုက်ထားလျက်ပင်။

မောင် ပြန်မလာတာ တစ်ပတ်ပင် ကြာမြင့်ခဲ့ပြီ။

ငိုရလွန်းလို့ မျက်ရည်တွေခမ်းနေပြီ ထင်ပါရဲ့ မောင်။
ထယ့်ကို ဘာလို့ နာကျင်လုပ်ခဲ့ရတာလဲ။

နှလုံးသားလေးကို ပန်းပွင့်လေးပမာနင်းခြေပစ်တဲ့မောင်...
မျက်ရည်တွေအကြိမ်ကြိမ်ကျအောင်လုပ်ခဲ့တဲ့မောင်...
ချစ်လွန်းတော့ မမုန်းရက်...
သိပ်ခက်လွန်းတယ်မောင်ရယ်...

" Taehyung..."

အဝတ်အစားလဲပြီး ပြင်ဆင်နေတုန်းအခန်းထဲ ဝင်လာသည့် Jimin...

" ဘယ်သွားမလို့လဲ... "

" အိမ်ထဲမှာချည်းပဲနေနေရတာငြီးငွေ့လာလို့လမ်းလျှောက်ထွက်မလို့ပါ..."

" ငါလိုက်ခဲ့ပေးမယ်လေ Taehyung..."

" ရပါတယ်... ငါတစ်ယောက်တည်းသွားချင်လို့ပါ..."

Jimin ကလည်း ဒီရက်ပိုင်းအိမ်မှာပဲ လာနေပေးတယ်။

မောင်နဲ့ကျနော့်ကြား ဖြစ်ခဲ့သည့် ပြသာနာကိုလည်းသိသွားခဲ့ပြီ။

သိသိချင်းဆိုဒေါသတွေထွက်ကာ မောင့်စီသွားတွေ့မယ်ချည်းလုပ်လို့ မနည်းတားခဲ့ရသေးသည်။

jimin သာမောင်နဲ့တွေ့ရင် မောင့်ကို ပြသာနာအကြီးအကျယ်ရှာပြီး ရန်တွေဖြစ်ကြမှာ။
အဲ့တာကြောင့်သာတားလိုက်ရတယ်။

ထယ်ကမောင့်ကို ဘယ်သူမှ ပြသာနာရှာတာမလိုချင်ဘူး။
စိတ်မရှုပ်စေချင်ဘူး။မောင်က ခေါင်းနောက်မခံနိုင်တဲ့သူလေ။

" ကဲ... ငါသွားပြီနော်..."

" Taehyung မင်းအဆင်ပြေရင်လေ...ငါအိမ်ကို ရက်ပိုင်းလောက်ပြန်လို့ရမလား..."

Jimin အိမ်ပြန်ဖို့အတွက် Taehyung ကိုခွင့်တောင်းလေသည်။

ဟုတ်ပါရဲ့။သူလည်း အိမ်ကိုပြန်ချင်မှာပဲလေ။

" ရပါတယ် Jimin... ပြန်ပါ ငါအဆင်ပြေနေပါပြီ..."

" အင်း ကျေးဇူးပါ Taehyung...ဂရုစိုက်သွားနော်...တစ်ခုခုဆိုဖုန်းဆက်ကြားလား..."

Dear...Maung~ (Completed)Donde viven las historias. Descúbrelo ahora