(Unicode)
Taehyung ဆေးရုံကနေအိမ်ကိုပြန်လာခဲ့သည်။
ဆရာဝန်ရဲ့ ခွင့်ပြုချက်ကိုလည်း မရမကယူခဲ့ရသည်။အဝတ်အစားတွေထည့်နေသည့် Jungkookကို
Taehyung ကုတင်ပေါ်ထိုင်ကာသေချာကြည့်နေသည်။မောင့်ရဲ့အစိတ်အပိုင်းတစ်ခုစီကိုကျနော်အလွတ်
မှတ်နေမိတယ်။နှာခေါင်းလုံးလုံးနဲ့ ယုန်ပေါက်လေးက ကျနော့်အပိုင်။သေချာကြည့်မိမှသတိထားလိုက်မိတယ်။ မောင့်ရဲ့ဆံပင်တွေပြန်ရှည်နေပြီ။" မောင် အဝတ်အစားတွေကထည့်တာမပြီးသေးဘူးလား..."
" ပြီးပါပြီ ထယ်ရဲ့..."
" အမ်စတာဒမ်ရေ စောင့်မျှော်နေပေးပါ..."
Taehyung အကျယ်ကြီးထအော်ကာ Jungkook ကို စနောက်နေသည်။
" ဒါနဲ့မောင်...ကလေးတွေရော အဆင်သင့်ပြင်ပေးပြီးပြီလား..."
" ပြီးပါပြီ...ကလေးတွေက Jimin တို့စီမှာဆိုတော့စိတ်ပူစရာမရာမရှိဘူး...လေဆိပ်ကိုအချိန်မှီရောက်လာရင်ရပြီလေ..."
Jungkook Taehyung ကို အဝတ်အစားလေးဝတ်ပေးနေသည်။
" အခုတကယ် ထယ်တို့ အမ်စတာဒမ်သွားရတော့မှာပေါ့နော်မောင်..."
" ဒါပေါ့.... "
အခုချိန်ထိမယုံနိုင်ဖြစ်နေသည့် Taehyung...
" လာ...မောင်တို့ သွားကြမယ်..."
" အင်း..."
Taehyung ကိုတွဲထူရင်း အထုတ်အပိုးအိတ်လေးယူကာ အိမ်အောက်ထပ်ကိုဆင်းလာခဲ့သည်။
ခြံအပြင်ရောက်တော့ ကားထဲကိုပစ္စည်းတွေထည့်ကာ Taehyung ကို ကားအရှေ့ခန်းထဲထိုင်စေသည်။
Jungkookကိုယ်တိုင်လည်း ကားထဲဝင်ထိုင်မည်အလုပ်...
တီ...တီ...တီ...တီ...
ဘောင်းဘီအိတ်ကပ်လေးထဲမှ ဖုန်းလေးက မြည်လာခဲ့သည်။
" မောင်ဖုန်းလာနေတယ်... "
" အခုချိန်ကြမှကွာ ဘယ်ကလဲမသိဘူး...ခနနော် ထယ် မောင်ဖုန်းပြောလိုက်အုံးမယ်..."
" မြန်မြန်ပြောနော်မောင် မကြာစေနဲ့..."
" အင်းပါ ထယ်..."
CZYTASZ
Dear...Maung~ (Completed)