Part-4

4.1K 370 16
                                    

(Unicode)

ဒီရက်ပိုင်းအတွင်း မောင့်ကိုကြည့်ရတာသိပ်မူမမှန်ဘူး။တစ်ခုခုဖြစ်နေသလိုပဲ ညဘက်တွေကျရင်လည်း အိမ်ပြန်နောက်ကျနေတတ်တယ်။တစ်ခါတလေကျရင်အရက်တွေပါသောက်သောက်လာသည်။

" Taehyung..."

ခေါ်နေတာကိုမကြား...

"Kim Taehyung..."

"အော..အော... ပြောလေ Jimin... "

"ငါခေါ်နေတာကြာလှပြီ... ဘာတွေအဲ့လောက်တောင်တွေးနေရတာလဲ..."

"ဘာမှမဟုတ်ပါဘူး...ဒီတိုင်းနေလို့သိပ်မကောင်းလို့ပါ..."

အမြဲတမ်းနှုတ်ကနေ တမောင် မောင်ဖြစ်နေတဲ့သူကဒီရက်ပိုင်း မောင်ဆိုတဲ့အသံတောင်မထွက်တော့ဘူး။သူတို့နှစ်ယောက်အဆင်ရောပြေရဲ့လား တက်တက်ကြွကြွဖြစ်နေတတ်တဲ့သူက
အခုလိုမှိုင်နေတာမြင်ရတော့လုံးဝအဆင်မပြေဘူး။

" Jimin...ဖောက်ပြန်တတ်တဲ့သူတွေကိုဘယ်လိုမြင်လဲ..."

ဘယ်လိုမေးခွန်းမျိုးကြီးလဲ?

Taehyung ရုတ်တရက်မေးလိုက်တဲ့မေးခွန်းကြောင့် Jimin ခနတာ တွေဝေသွားမိသည်။

မဟုတ်မှ Jungkook များခြေရှုပ်နေတာလား။
မဖြစ်နိုင်တာ သူက Taehyung ကိုအရမ်းချစ်တာကို နောက်တစ်ယောက်နဲ့ရှုပ်ဖို့ဆိုတာဝေးသေး။

" ဘာလို့လဲ Taehyung... ပြသာနာတစ်ခုခုရှိနေလို့လား..."

"အာ..ဟို...မရှိပါဘူး...ဒီတိုင်းမေးကြည့်လိုက်တာစိတ်ထဲမထားနဲ့..."

"Taehyung... ငါ့ကိုပွင့်ပွင့်လင်းလင်းပြောနော်
Jungkook နဲ့ မင်းဘာတွေဖြစ်ထားလဲ..."

ပြောရမှာအတော်အခက်တွေ့နေသည်။ သူငယ်ချင်းဆိုပေမဲ့ ဘယ်လိုပြောရမလဲ။
ရှက်လည်းရှက်မိသည်။
အမြဲတမ်းမောင့်အကြောင်းအမွှန်းတင်ပြီး ပြောနေကျလေ။အခုကြမှ မောင့်ကိုမကောင်းပြောဖို့ဆိုတာမဖြစ်နိုင်။

ရှေ့မှာချထားတဲ့အအေးခွက်ကိုသာ တင်းကျပ်စွာကိုင်ထားမိသည်။

" Jimin... ငါပြောရင်မင်းဒေါသမထွက်ရဘူးနော်..."

"မထွက်ဘူးစိတ်ချ...ပြောမှသာပြော..."

Dear...Maung~ (Completed)Donde viven las historias. Descúbrelo ahora