(Unicode)Taehyung မျက်ရည်တွေနဲ့ပြေးထွက်လာပြီး
Jimin ကိုအတင်းပြန်မယ်ပြောနေသည်။ဘာတွေဖြစ်ခဲ့တာလဲ။သူတို့နှစ်ယောက်အေးဆေးစကားပြောလို့ရအောင် အတူတူလိုက်မဝင်ပေးသွားတာ။
လက်ကိုဆွဲ ပြီးအတင်းပြန်မယ်လုပ်နေသည်။
Jungkook ကလည်း လိုက်မလာဘူး။
ဘာတွေဖြစ်နေတာလဲ။တကယ်စဉ်းစားလို့မရတော့ဘူး။ပြန်ဖို့ပြောနေတာကိုလည်း ဂရုမစိုက်နိုင်တော့ချေ။
Jungkook ရုံးခန်းထဲကိုသွားကြည့်မိသည်။
တံခါးကအနည်းငယ်ဟနေတာကြောင့် ဝင်မသွားတော့ဘဲ အပြင်ကနေသာချောင်းကြည့်လိုက်သည်။ထင်တဲ့အတိုင်း မိန်းမရှုပ်နေတာပဲ။
သူ့အလုပ်စားပွဲပေါ်မှာ လည်ဟိုက်အင်္ကျီနဲ့
ပေါင်တိုစကပ်ဝတ်ကာ ခြေချိတ်ထိုင်နေတဲ့မိန်းမတစ်ယောက်။ ဂျောင်ဂု ကတော့ ခုံပေါ်မှာထိုင်ပြီး
ထိုမိန်းမကိုသေချာစိုက်ကြည့်နေသည်။ဝင်သွားပြီး ဆွဲထိုးချင်ပေမဲ့စိတ်ကိုထိန်းထားလိုက်သည်။
အဲ့လိုလုပ်လိုက်ရင်ကျွန်တော့်သူငယ်ချင်း ထယ်ယောင်းလေး စိတ်ပိုညစ်သွားမှာကိုစိုးရိမ်မိသည်။
Jimin လှည့်လာကာ...
" Taehyung..."
အခန်းရှေ့ကနေလှည့်ထွက်လာပြီး Taehyung
ကိုကြည့်မိတော့ မရှိ။ကုမ္ပဏီ အပြင်ကိုထွက်လာပြီဘေးဘီကိုတစ်ချက်ရှာကြည့်မိသည်။
တစ်ယောက်တည်း ဘယ်ကိုထွက်သွားလိုက်တာလဲ သူ့ကားလည်းပါလာတာမဟုတ်ဘူး။-
-
-Taehyung ငိုရင်းနဲ့သာလမ်းမလေးထက်အသက်မဲ့စွာ လမ်းလျှောက်နေလေသည်။
Jimin ကိုလည်းမစောင့်နိုင်တော့ဘူး။
မောင်ရှိတဲ့နေရာကသာအမြန်ဆုံးထွက်လာလိုက်ခဲ့သည်။ဘာလို့အခုလိုလုပ်ရက်တာလဲမောင်ရယ်။
ထယ့် မှာဘာတွေများလိုအပ်ချက်ရှိခဲ့လို့လဲ။အဆုံးမရှိသောချစ်ခြင်းတွေနဲ့သာ ထယ် မောင့်ကိုချစ်ခဲ့တာပါ။ထယ်ရိပ်မိနေပေမဲ့ မဟုတ်ပါစေနဲ့လို့ဆုတောင်းနေခဲ့တာ။
အခု ထယ့်ဆုတောင်းတွေပြည့်မလာခဲ့ဘူး။ထယ့်ရင်ဘတ်ကြီးတစ်ခုလုံးစူးနှင့်နေအောင်နာကျင်ရတယ်မောင်။မောင့်အပေါ် ထယ့်အချစ်တွေကလျော့သွားခဲ့လို့လား။
ဂရုစိုက်မှုတွေရောပေါ့သွားခဲ့လို့လား။ဘာကြောင့်များထယ့်ကို အခုလို့လုပ်ရက်ရတာလဲမောင်ရယ်။
YOU ARE READING
Dear...Maung~ (Completed)