Part-35

3.5K 264 35
                                    

(Unicode)

လေပြေငယ်ရဲ့ တိုက်ခတ်မှုက အေးချမ်းပေမဲ့တစ်နည်းမဟုတ်နည်းနဲ့တော့ပူလောင်ရပြန်သည်။
အေးချမ်းတဲ့လေပြေတွေတိုက်ခတ်ပြီးတိုင်းလေပြင်းတွေတိုက်ခတ်တတ်စမြဲပင်။
ထို့နည်းအတိုင်းပင် ငယ်ကိုချစ်ရတာလဲ တခါတရံအေးချမ်းရပေမဲ့ တစ်ခါတစ်ရံကျပြန်တော့ စိတ်ပူပင်ရပြန်သည်။

ကိုကိုရဲ့မာနတွေအကုန်ကိုငယ့်အတွက်ခဝါချပေးခဲ့တယ်။ကိုကိုရဲ့အရာအားလုံးကိုငယ့်လက်ထဲထည့်ပေးခဲ့တယ်။
ကိုကို့ဘဝကိုငယ်လိုသလိုပုံသွင်းခွင့်ရှိပါသည်။

လူ့ဘဝက အသွားနဲ့အပြန်ရှိတတ်ကြသည်။
ကျနော့်ဘဝကတော့ အကုန်အသွားချည်းပင်။
အပြန်ဆိုတဲ့ မျှော်လင့်ချက်လေးကို ရင်ဝယ်ပိုက်ရင်းနဲ့ပေါ့။

" ကိုကိုရေ...ငယ်အိမ်ပြန်ရောက်ပြီ..."

ရွှေနှလုံးအစုံကိုအေးချမ်းသွားစေတဲ့အသံချိုချိုလေးကို Namjoon အိပ်ခန်းလေးထဲမှကြားလိုက်ရသည်။

အခန်းတံခါးလေးဖွင့်ကာဝင်လာတော့...

" အင်း...ငယ်ပင်ပန်းနေပြီလား..."

" နည်းနည်းပါ ကိုကို..."

Taehyung သူ့ရဲ့အပေါ်ဝတ်အနွေးထည်လေးကိုချွတ်ကာကုတင်ပေါ်တင်လိုက်သည်။

" ကိုကို နေမကောင်းလို့လားဟင်..."

အိပ်ယာပေါ် အိပ်နေသည့် Namjoon အား
နဖူးလေးကို လက်ဖြင့်စမ်းကာ မေးလိုက်သည်။

" နေကောင်းပါတယ် ငယ်...မကောင်းတာက စိတ်..."

ကျနော် သွယ်ဝိုက်ကာပြောလိုက်တော့ ငယ်ကဘာများဖြစ်လို့လဲဆိုသည့် အကြည့်လေးဖြင့်
ကြည့်လာပြန်သည်။

" ဘာဖြစ်လို့လဲကိုကို...ငယ်အမှားလုပ်မိထားလို့လား..."

" ဟုတ််တယ်လို့ ကိုကိုပြောရင်ရောငယ်..."

Namjoon နဖူးပေါ်မှTaehyung လက်တို့ တွန့်ဆုတ်သွားခဲ့သည်။စိတ်ထဲမလုံသည့် ခံစားချက်တို့ကဖြစ်ပေါ်လာခဲ့ပြန်သည်။

ဆိုင်မှာဖြစ်ခဲ့တာတွေကို ကိုကိုများမြင်သွားတာလား။
မဖြစ်နိုင်ပါဘူး။ ဒီနေ့ကိုကိုက သားလေးနဲ့လျှောက်လည်နေတာပါ။ ဆိုင်ကိုလာခဲ့မယ်လို့တော့မထင်။
ဖြစ်ခဲ့တာတွေကိုဖွင့်ပြောလိုက်သင့်လား။ဒါမှမဟုတ်ဖုံးကွယ်ထားရမလား။

Dear...Maung~ (Completed)Tempat cerita menjadi hidup. Temukan sekarang