(Unicode)
" အရသာက စုတ်ပြတ်နေတာပဲ... လူစားတာရော ဟုတ်ရဲ့လား...""မောင်..."
ခပ်တိုးတိုးလေးသာ ခေါ်မိပါသည်။
စားစရာတွေကိုသေချာ မြည်းကြည့်ပြီးမှ ပြင်ဆင်ထားတာပါ။
ဒါကိုမောင်က အရသာမရှိဘူးပြောနေပြန်တယ်။" ဒါလား...စားဖိုမှုးတစ်ယောက်ရဲ့ အိမ်ထောင်ရှင် ချက်တဲ့ ဟင်းတွေတဲ့..."
" ထယ် သေချာချက်ထားတာပါ...မြည်းလည်းမြည်းကြည့်ပါတယ်... အကုန်အဆင်ပြေနေတာပဲ မောင်..."
" အဟက် ဘာလဲ...အဆင်ပြေတယ်ဟုတ်လား..."
မောင်က လှောင်ပြုံးပြုံးနေတယ်။
ထယ့်ကိုလည်း ခြေဆုံးခေါင်းဆုံလည်း ကြည့်နေတယ်။ထယ့်ကို နာကျင်စေတဲ့စကားတွေပြောအုံးမလို့လား။
ထိုနေရာတွင် မလှုပ်မယှက် မောင့်ကို ရပ်ကြည့်နေစဲပင်။" ဒီနေ့ တော်တော်ပျော်ခဲ့ပုံပဲ..."
ပျော်ခဲ့တယ်?မောင် ဘာကိုဆိုလိုချင်မှန်းမသိပေ။
" မောင် ဘာကိုပြောနေတာလဲ...ထယ်နားမလည်ဘူး..."
" နားမလည်ဘူး? အေးပေါ့ ဘယ်နားလည်မလဲ..."
ရီဝေဝေ ဖြစ်နေတဲ့အကြည့်တွေ။ ဝိုင်တွေအများကြီးသောက်ထားတဲ့အတွက်မောင်ကမူးနေတယ်။
ကျနော့်စီကို လျှောက်လာနေသည့်မောင့် ခြေလှမ်းတွေ။
အနားရောက်တော့လက်ကောက်ဝတ်ကနေဆွဲပြီး အိမ်ပေါ်ထပ်ကို ခေါ်သွားသည်။Taehyungခြေဖဝါးလေးမှ သွေးတွေ စိမ့်ထွက်လာခဲ့သည်။
လှမ်းသည့်ခြေလှမ်းတိုင်း သွေးရာလေးတွေကျန်ခဲ့သည်ပင်။နာလွန်းလို့ ခြေထောက်ပင်မခိုင်ချင်တော့ပေ။" မောင်... ခနလေး... "
အကြမ်းဆွဲခေါ်နေသည့် မောင်ကကျနော့်ခြေဖဝါးမှ သွေးတွေအား ဂရုမစိုက်ခဲ့ပေ။
အခန်းထဲရောက်ပြန်တော့လည်း Jungkook Taehyungကို ရေချိုးခန်းထဲထိ ခေါ်သွားပြန်တယ်။နောက်တော့ ရေတွေအပြည့်ဖြည့်ထားသည့် ရေချိုးဇလုံကန်ထဲ တွန်းချလိုက်သည်။
YOU ARE READING
Dear...Maung~ (Completed)