(Unicode)
သူ့ရဲ့အကြောင်းတွေက ဘယ်လိုမှမေ့ပစ်လို့မရခဲ့ဘူး။
မေ့နေပြီလို့သာ စိတ်ထဲ ထင်မှတ်ထားခဲ့တာ။ကျနော် မေ့နေပြီဆိုရင်လည်း တိုက်ဆိုင်မှုတွေက ပေါ်လာခဲ့ပြီး သူ့ကိုပြန်သတိရစေတယ်။
ကျနော့်နှလုံးသားလေးကို သူ့ဆီအပ်နှံခဲ့တာ။အရာရာ ပုံအောပြီး ချစ်ခဲ့တာ။နောက်ဆုံးကျနော်ပြန်ရလိုက်တာက နာကျင်မှုတွေ။
သူ့ကိုမုန်းလို့မရနိုင်တဲ့ ကျနော်ကပဲ အခုချိန်ထိ နာကျင်နေရတယ်။
" ငယ်...ဒီတစ်ခုအဆင်ပြေရဲ့လား..."
"အော...အင်း... ပြေပါတယ်..."
" ငယ်ဘာဖြစ်နေတာလဲ...နေမကောင်းဘူးလား...ဒီရက်ပိုင်း ငယ်မျက်နှာ သိပ်မကောင်းဘူးနော်..."
" ဘာမှမဖြစ်ပါဘူး ကိုကို...ငယ်နည်းနည်း ပင်ပန်းနေလို့ပါ... "
မင်္ဂလာဝတ်စုံရွေးနေတဲ့ ကိုကိုက ကျနော့်ကို စိတ်ပူနေလေသည်။
ကျနော် သူ့အိမ်လေးထဲသာဝင်ခဲ့မိရင်။ဘယ်လို ဆက်ဖြစ်လာမလဲ။အမှတ်ရစရာတွေက ကျနော့်ကို ထပ်ပြီး စိတ်ဒုက္ခပေးနိုင်မယ်။
သူ့ရဲ့ နာမ်စားနာမည်လေးကလည်း ကျနော့် နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာလေးမှာ အခုထိရှိနေသေးသည်။
သူနဲ့ပတ်သတ်တာ မှန်သမျှက ကျနော်ရဲ့နှလုံးသားလေးမှာ ကျန်ရှိနေသေးသည်။
" ငယ်...ငယ်..."
" အော...ကိုကိုခေါ်လိုက်တာလား..."
" ငယ်ဘာတွေဖြစ်နေတာလဲ...ကိုကို ကိုပြောပြ..."
" ဘာမှမဖြစ်ပါဘူး ကိုကို...ငယ် မင်္ဂလာကိစ္စတွေကြောင့် ပင်ပန်းနေတာနေမှာပါ..."
" ငယ် ပင်ပန်းနေပြီဆို ကိုကို တို့ပြန်ကြတော့မလား..."
" ဟင့်အင်း... ငယ်အဆင်ပြေပါတယ်...ဒီနေ့ ဝတ်စုံအပြီးရွေးမှ ဖြစ်မယ်ကိုကို..."
Taehyung မင်္ဂလာဝတ်စုံတွေထပ်ရွေးနေသည်။
ငယ်ရယ်။တကယ်ရော ကိုကို နဲ့ လက်ထပ်ချင်ရဲ့လား။ငယ့်ရဲ့နှလုံးသားထဲမှာ သူက ရှိသေးတယ်ဆိုတာ ကိုကို သိပါတယ်။
YOU ARE READING
Dear...Maung~ (Completed)