Episode (19) 🔞🔞

458 7 2
                                    

Uni#

           '' လာမည့်အပတ်ထဲ ဒီစာရင်းနဲ့ ပစ္စည်းအချို့ လိုချင်တယ် ။ နောက်ပီး ငွေ amountနဲ့ စုံစမ်းခိုင်းထားတာလဲ ပီးအောင် စုံစမ်းထား။ '' နက်ပြာရောင်suitအပြည့်အစုံဖြင့် အိမ်ထဲသို့ လျှောက်လှမ်းကာ လာသည်။ ဘေးက ဖိုင်တွဲအချို့ကို ဟိုလှန်လိုက် ဒီလှန်လိုက်ဖြင့် လိုက်မှတ် လိုက်ကြည့်နေသော လူတစ်ယောက်။ ကြည့်ရတာ လူယုံပဲ ဖြစ်ရမည်။ wisonအနားတွင် အလုပ်ကြာကြာလုပ်နိုင်သည့်သူမရှိပေ။

        ''ဟုတ်ကဲ့ ။ ကျွန်တော် ရအောင်လုပ်ထားလိုက်ပါ့မယ်။....''

        ''အင်း...'' လက်ဖြင့် 'ထွက်သွားတော့'လို့ အရိပ်ယောင်ပြလိုက်ကာ အခန်းထဲသို့ဝင်လိုက်တော့ ဟိုကိုယ်တော်လေးက အေးဆေးဂိမ်းဆော့နေသည်။ ဆော့လက်စ ဂိမ်းဆီမှ ​မျက်လုံးက မခွာသော်လည်း wisonရောက်လာမှန်းသိသောကြောင့်....

      ''ပြန်ရောက်ပီလား......လူကြီးမင်း...'' အပေါ်ဖုံးကို ချွတ်လိုက်ပီး ချိတ်ထားလိုက်သည်။ ကြယ်သီးကို လေးလုံးလောက် ဖြုတ်ထားကာနေတော့ ရင်အုပ်ကျယ်ကျယ်တို့က အထင်းသားပေါ်နေသည်။ oliverအနားကို လာရင်း ခန္ဓာကိုယ်လေးကို မလိုက်ကာ ထိုင်ခုံပေါ်တွင်ထိုင်ပြီးနောက် မိမိ၏ ပေါ်သားတို့အထက်တွင် နေရာယူစေသည်။

      ''ဘယ်တုံးကရောက်နေတာလဲ...''

     ''မနက်ကတည်းက မင်းဆီရောက်နေတာ...။ အထိန်းတော်က မင်းအလုပ်သွားတယ်ဆိုလို့.... '' ထိုကောင်ပေါက်လေးရဲ့ ဆံပင်လေးကို ထိုးဖွလိုက် နမ်းရှိုက်လိုက်လုပ်နေသည်။

     ''အော် ဟုတ်တယ် စာရင်းရှင်းစရာလေးရယ်  meeting ရယ် ရှိလို့ စောစောသွားဖြစ်သွားတာ....''

     ''ဟွန်း.... ပြောတော့ နောက်တစ်ကြိမ် ထပ်တွေ့နိုင်မလားဆိုပီး အခုကြ ပစ်ထားတယ်။ ဘာသဘောလဲ....'' ဆော့လက်စ ဂိမ်းကနေ ထွက်လိုက်ကာ ဖုန်းကို ခုံပေါ်တင်ထားလိုက်ရင်း wisonဘက်သို့လှည့်လာသည်။ လက်နှစ်ဖက်ကို လည်ပင်းတွင် သိုင်းဖက်လိုက်ပီး ထိုင်လျက်ရှိသော wisonပေါ်တွင် ခွရက်လေး ထိုင်နေမိသည်။ wisonကလဲ ကျနေသော ခြေသလုံးသေးသေးလေးတွေမပျင်းရအောင် ပေါင်သားလေးတွေကို လက်ဖြင့် ဆွဲမလိုက်ရင်း နိုပ်နယ်ပေးနေသည်။

The love on you💜Where stories live. Discover now