Episode (3)

532 25 0
                                    

     
(Uni)

           ထမင်းစားသောက်ပြီးတော့ အကိုဘုန်းမင်းရှိန်ပေးထားသောဆေးအရှိန်ကြောင့် မင်းစက်တစ်ယောက် အိပ်ပျော်နေသည်။ ပြတင်းပေါက်ဘက်သို့ ဘေးတစ်စောင်းလေး အိပ်နေသော မင်းစက်အား မခို့တရို့လေးကြည့်နေသော ဟိန်းဇေ။ ကုတင်ပေါ်သို့ တက်သွားကာ ဘေးချင်းကပ် မျက်နှာချင်းဆိုင်ကာ လှဲလိုက်ရင်း  ဆံနွယ်လေးတွေ မျက်ခုံးနားထိကျနေသည်ကို ဖယ်ရှားလိုက်ရင်း တစ်စိမ့်စိမ့်ကြည့်နေမိသည်။

    "လျှိုဝှက်ချက်တွေများတဲ့ မင်းက အခုလို အိပ်နေပြန်တော့လဲ အပူအပင်ကင်းတဲ့ လူငယ်လေးအတိုင်းပဲနော်...'' လက်တို့က မျက်ခုံးနားဝဲနေရင်း  နှုတ်ခမ်းနားဆီသို့ လျှောကျလာသည်။ ကလေးလေးစိတ်ကောက်နေသည့်ဟန် ဆူနေသော နှုတ်ခမ်းသားတို့အား လက်လေးနဲ့ ထိကိုင်ရင်း မိမိ၏ ခေါင်းတို့ အရှေ့သို့ ပိုမိုတိုးလာကာ ခိုးနမ်းမိလိုက်သည်။ ရင်ခုန်သံတို့ ထိန်းချုပ်၍မရ၊ ပေါက်ထွက်မည့်အလားပင် မိမိ ဘယ်ဘက်ရင်ဘက်မှ လှုပ်ခပ်နေသောကြောင့် ဟိန်းဇေတစ်ယောက် အတတ်နိုင်ဆုံးထိန်းချုပ်ရင်း မျက်လုံးလေးကို မှိတ်ကာ အိပ်ပျော်နိုင်အောင် ကြိုးစားရင်း အိပ်ပျော်သွားတော့သည်။........

5:17PM,

  အချိန်အတန်ကြာအောင် အိပ်လိုက်ရသောကြောင့် အိပ်ရေးဝ အားလဲ ရှိသွားကာ မျက်လုံးတို့ ဖြည်းဖြည်းချင်း ပွင့်လာခြင်းနှက့်အတူ မြင်လိုက်ရတာက မိမိလက်ကို ကိုင်ကာ အိပ်ပျော်နေသော ဟိန်းဇေ။ မိမိလက်ကို ဆုပ်ကိုင်ထားသော ဟိန်းဇေ၏လက်တို့က ဖြည်းဖြည်းချင်းရွေ့ပေးလိုက်ကာ ပါးလေးကို လက်လေးဖြင့်ဆွဲကာညစ်လိုက်သည်။ သို့သော် ဟိန်းဇေက မနိုးပေ။ ကုတင်ပေါ်ကနေ ဆင်းကာ ချိတ်ထားသော အပေါ်ဖုံးအင်္ကျီအား ပြန်လည်ဝတ်ဆင်ပီးနောက် အိပ်မောကျနေသော ဟိန်းဇေကို ကြည့်ရင်း...
 
     "ပြန်လာခဲ့မယ်နော် ဟိန်း.....!!'' တံခါးကိုပိတ်ကာ ရင်းနှီးသောခြေသံတို့​က ပျောက်ကွယ်သွားတော့သည်။ 

~~~~~~~~~~~~~

           ရှိုင်းဝေခ၏အိမ်တော်ရှေ့သို့ အနက်ရောင်ကားတစ်စီး ဆိုက်ရောက်လာသည်။ ကားပေါ်ကနေဆင်းလာကာ bellကို နိုပ်လိုက်တော့ ခြံစောင့်က တံခါးဖွင့်ပေးလေသည်။

The love on you💜Where stories live. Discover now