Episode (28)

234 17 1
                                    

Uni#

    
        ''ဟုတ်...ကျွန်တော်အဆင်သင့်ဖြစ်ပါပီ...boss..'' စွပ်ကျယ်နှင့်အတူ ဂျင်းဘောင်းဘီအရှည်ဝတ်ထားတာမြင်ရတော့ မျက်လုံးထဲမှာတော့ စိတ်မကောင်းပေ။ ဒါပေမဲ့ မင်းစက်ပုံစံက အစကတည်းက ဖစ်သလိုနေသည့်typeဆိုတော့ ဟိန်းဇေလဲ ရှေ့တိုးမည်လုပ်တော့ အသိစိတ်က မိမိ့၏ ခြေထောက်တို့ကို ရပ်တန့်ပြစ်လိုက်သည်။

        ''ရပါတယ် ငါ့ကို bossလို့မခေါ်ပါနဲ့တော့...။ ကောင်းကောင်းသွားနော်...မကြာခဏလာလည်လို့ရတယ်....ကြားလား...''

        ''ဟုတ်ပါပီဗျ.....''

        ''ဒါဆို အကိုjhon...ကျွန်တော်တို့သွားကြမလား'' ခန့်ခန့်ညားညားဖြင့် လူနှစ်ဦးဟာ စုံတူ မတ်တပ်ရပ်လာသည်။ ခန္ဓာကိုယ်တောင့်တောင့်နှင့် bossထက် အရှိန်အဝါမြင့်သည်ဟန်ရှိသည့်လူက မိမိ့၏ညီလေးတဲ့ ။ ဘာမှမမှတ်မိလို့ မသိပေမဲ့ မသိစိတ်က ရင်းနှီးသလိုခံစားနေရသည်။

         ''အင်း...သွားမယ်လေ..... '' wisonတို့အနောက်ကို လိုက်သွားရင်း မိမိ့ဘေးတွင် ကပ်လျက် ကောင်လေးတစ်ယောက်က ယှဥ်တွဲလိုက်လာသည်။ သူ့ကိုယ်သူတော့ မိတ်ဆက်ထားပါရဲ့ ဒါပေမဲ့ မမှတ်မိချင်ဘူးဖစ်နေသည်။ မိမိ့ပုခုံးတွင်သာရှိသော သူ့မျက်နှာကို အပေါ်စီးမှ ကပ်တိုးလေးခိုးကြည့်မိသည်။ ယောကျာ်းလေးဖစ်ပီး ဖြူဖွေးနေသောအသားရည်နှင့် ရဲနေသော နှုတ်ခမ်းပါးလေးတို့က တော်တော်လေးကြည့်ကောင်းသည်။

          ဒီကောင်လေးဟာ မိမိ့ကို မြင်တော့ မျက်ဝန်းတို့က အရည်လေးတွေလဲ့နေသည်ကိုသတိထားမိသည်။ မိမိ့နှင့် အထူးတလည်ပတ်သတ်ခဲ့ဖူးလို့များလား။ သူပြောတဲ့ဘာသာစကားကို မိမိ့နားလည်နေသည်ကိုက နည်းနည်းထူးဆန်းသည်။ မသိစိတ်ကပဲနားလည်နေသလား။ ထိုဘာသာကို သင်ကြားဖူးခဲ့သည်လားပေါ့။
အတွေးတွေဝေနေတုံး အရှေ့တွင် ဦးဆောင်လျှောက်နေသည့် wisonနှင့်oliverက ရပ်တန့်သွားသည်။ အနက်ရောင်ကားအရှည်ကြီးသုံးစီးဟာ ထိုလမ်းကြားအတွင်းဝင်လာကာ ဆိုင်အရှေ့တွင့် ထိုးရပ်လာသည်။

          ''အကိုJhonတက်လေ..... ဘာကြည့်နေတာလဲ..... '' ဒီအသုံးအဆောင်တွေနှင့် ရင်းနှီးခွင့်ရှိသည်လား။ သွားဖို့ကို တွန့်ဆုတ်နေမိသည်။

The love on you💜Where stories live. Discover now