Episode (31)

860 16 7
                                    

Uni#

        ခမ်းနားထည်ဝါလှသော Owan's Hotelအရှေ့သို့ ကားအနက်ရောင်နှစ်စီးကြားမှ ဆင်စွယ်ရောင် ကားတစ်စီးဟာ ဆိုင်ရောက်လာခဲ့သည်။ အချက်အချာကျသော နေရာတွင်ရှိပေမဲ့ ဧရိယာဝန်းက ကျယ်ပြန့်တာကြောင့် တိတ်ဆိတ်ငြိမ်သက်သည်။ လူလုပ်ရေကန်နှင့် သစ်ပင်တွေအုပ်မိုးစွာ စိုက်ပျိုးထားတာကြောင့် လက်ဆက်သော လေအေးတို့က တဖြူးဖြူး။ ဝင်ပေါက်မှ security က ပြေးလာကာ တံခါးကိုဖွင့်ကြိုဆိုသည်။ နက်မှောင်နေသော leather ဖိနပ်နှင့်အတူ ရှည်လျားသော ခြေတံတစ်ဖက်ဟာ red carpetအပေါ်သို့ ချနင်းလျက်။

             ထွက်ပေါ်လာသော နက်မှောင်သည့်suitနှင့် ကျယ်ပြန့်လှသော ပခုံးတို့နှင့် လူတစ်ဦး။ bossကို တစ်နှစ်ကျော်မှပြန်တွေ့ပေမဲ့ ခက်ထန်သောမျက်နှာအချိုးအစားက အရင်ကအတိုင်း ကြောက်ဖို့ကောင်းသည်။ အမှန်ကတော့ ဟိုအရင်ကပုံစံကို jasperကို မေးထားရသည်။ ဘယ်လိုနေရမည် ဘယ်လိုပုံစံထားရမည် ဘယ်လိုပြောရမည်ဆိုတာကိုပင်။ ဘာမှမမှတ်မိတာမို့ ယခုလုပ်ဆောင်မည့်အရာတွေဟာ ခပ်စိမ်းစိမ်းဆန်သည်။

          ''​ ကြိုဆိုပါတယ် Boss...။...'' ကြည့်ရတာ သူ့အတွင်းရေးမှူးထင်သည်။ နှုတ်ဆက်စကားဆိုလာတော့ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။ အပေါ်အနည်းငယ်တက်သည်ဟုခံစားရသော suitကို ကော်လံမှ ဇက်ခနဲပြင်လိုက်တော့ ညိုသောလက်ဖမိုးမှ သွေးကြောထင်းထင်းတို့က မြင်နေရသည်။ ထိုနှင့်အတူ rolex နာရီကလဲ လက်ခနဲ။

         red carpetအတိုင်းလျှောက်လမ်းကာ Hotel၏အဝင်gateပေါက်မှတစ်ဆင့် အတွင်းသို့ဝင်လာတော့ အတန်းလိုက်နေရာယူထားသော ဝန်ထမ်းတို့အားတွေ့ရသည်။ မျက်နှာကိုအရှေ့တည့်တည့်ထားကာ ဝင်လာတော့ ခါးညွှန့်ကာ ကြိုဆိုသော ဝန်ထမ်းတို့အား ခေါင်း​ငြိမ့်ပြကာ ကြိုဆိုသည်ကို လက်ခံပြုသည်။

         ''ဒီနေ့ meeting ထိုင်မယ်လို့ လာရမဲ့သူတွေကို ပြောလိုက်....'' အနောက်တွင် ကပ်လျက်ပါလာသော အတွင်းရေးမှူးကို ပြောတော့ ထိုကောင်လေးက

        ''ဟုတ်ကဲ့...boss...'' 

******

      ''ရား.....အရမ်းကြိုက်တယ်....လိုက်ခ်...!!'' ရုံးခန်းမှခုံတွင် ထိုင်နေသောမိမိ့ကို လက်မထောင်ပြကာ သွားစွယ်ဖွေးဖွေးလေးတို့နှင့်ရီပြသည်။

You've reached the end of published parts.

⏰ Last updated: Apr 11, 2022 ⏰

Add this story to your Library to get notified about new parts!

The love on you💜Where stories live. Discover now