Episode (27)

259 11 4
                                    

Uni#

        Chinatownဟုဆိုသည့်အတိုင်း တစ်လမ်းလုံးပျံ့နှံ့နေသည့် ဟင်းခက်မွှေးကြိုက်အနံ့တွေ။ မီးရှူးလေးတွေကိုင်ပီး ပြေးနေသော ကလေးတွေက သွားနေသည့် လမ်းကို ဖျော်ဖြေပေးနေသလို။ ပြောတော့ ဒီနယ်ပယ်က ဒုစရိုက်သမားများတယ်သာ ပြောတာ စားသောက်ဆိုင်တွေချည်းပဲ။ ဘာလို့များ oliverက ထိုသို့ ပြောတာပါလိမ့်။ ဒါပေမဲ့ သတိထားမိတာ တစ်ခုက ပုံမှန်ထက်တိတ်ဆိတ်လွန်းသည်။ သွားလာနေကြတဲ့လူတွေရှိပေမဲ့ အကုန်လုံးက တိတ်ဆိတ်ခြင်းမည်သည်။

         ရောက်နေသည်များ စောသွားလို့လား။ မင်းစက်ကို ရှာတွေ့ပီဆိုကတည်းက ရှိုင်းဝေခတို့ weddingကနေ အတင်းပြေးထွက်လာကာ america ပြန်မယ်ဆိုတာချည်းပဲ တာဆူနေတာကြောင့် oliverလဲ flightကို အမြန်ဆုံးစီစဥ်ပေးရသည်။ မိမိ့ကြောင့် မြန်မာမှာ နှစ်ရက်လောက်ပဲ နေရတာကြောင့် လိုက်ပို့ပေးချင်ပေမဲ့ အခြေအနေက oliverကရော wisonပါ မင်းစက်ကို လွမ်းနေသည့်မို့။

           မင်းစက်မရှိတဲ့ အတောအတွင်း company တွေကော စီးပွားရေးအစစကပါ wisonကပဲ ကြီးကျပ်နေသည်ဆိုတော့ အဆက်အသွယ်တို့က wisonက ပိုလည်ပတ်သည်။ wisonသွားရာကို အနောက်လိုက်ရင်း ဝင်သွားသော ဆိုင်တစ်ဆိုင်။ ကြီးကြီးမားမားမဟုတ်ပေမဲ့ စားသုံးသူတို့ စိတ်အေးအေးဆေးဆေးဖြင့် စားလို့ရအောင် ပြင်ဆင်ထားပုံက အေးချမ်းလွန်းသည်။

          ဆိုင်အတွင်းသို့ရောက်သွားတော့ note bookကိုင်ထားတဲ့ waiterလေးက အနားရောက်လာသည်။ ''Good morning.... ,sir.... ဘာများသုံးဆောင်ပါမလဲ...''  အနက်ရောင်pantကို ခဲရောင် slim fit shirtနဲ့ တွဲဝတ်ထားပြီး အရပ်6' 5''လောက်ထင်သည်။ bodyကလဲ တောင့်တင်းကာ ဖြုတ်ထားသော ကြယ်သီးသုံးလုံးအောက်တွင် ရင်အုပ်ကြီးကထင်းနေသည်။ ထိုအရပ်ကြောင့် waiterလေးမှာ မော့ကြည့်ကာ အရှိန်အဝါတစ်ခုကြောင့် လက်တွေပါအေးလာရသည်။

          ''မင်း bossကော...?'' အသံသြရှရှနှင့်တွန့်ကွေးထားသော မျက်ခုံးတို့က လူကို ဝါးစားတော့မည့်အလား။ ပြတ်ပြတ်သားသားမေးခွန်းကြောင့် စကားပြောဖို့တုန်တုန်ယင်ယင်ဖြင့်။ ကြည့်ရတာ အခုမှ လူသစ်ဖြစ်မည်။

The love on you💜Where stories live. Discover now