Episode (30)

229 11 0
                                    

Uni#

       ညက နှစ်ယောက်သား စကားတွေပြောကြရင်း အိပ်ပျော်သွားတာတောင် မသိလိုက်။ ပြတင်းပေါက်မှတစ်ဆင့် တိုက်ခတ်လာသော လေညင်းလေးတို့က ကာထားသော လိုက်ကာကို လှုပ်ခပ်စေသည်။ တစ်ဖြတ်ဖြတ်လှုပ်ရှားမှုမှ ပေါ်ထွက်လာသော အလင်းရောင်ခပ်စူးစူးက ဟိန်းဇေပေါ်ကျရောက်လာသည်။ မျက်မှောင်လေးကြုတ်ကာ ကျရောက်လာသော အလင်းကိုပဲ အပြစ်တင်ရမလား၊ ပြတင်းပေါက်ပိတ်မအိပ်မိတဲ့ မိမိ့ကိုယ်ပဲ အပြစ်တင်ရမလားမသိ။ အခုတော့ မထချင်ပဲ ထရအုံးမည်။

      ''ဟွန်း........!....'' လက်ဖမိုးလေးဖြင့် မျက်လုံးတို့ကို ပွတ်သပ်ကာ အိပ်ရာထရန်ပြင်တော့ သိမ်သော ခါးတို့ကို လက်တစ်စုံတို့ဖမ်းယူခြင်းကိုခံလိုက်ရသည်။ ထို့နောက် ဟိန်းဇေခန္ဓာကိုယ်အား ပြတင်းပေါက်ကို ကျောပေးကာ နေစေပီး ရင်ဘက်ထဲသို့ တိုးဝင်စေခိုင်းသည်။ နူးညံနေသော သူ့ဆံနွယ်လေးတွေကြား နှာခေါင်းတို့နှစ်လိုက်ကာ အသက်ရှူသွင်းသံ ခပ်ပြင်းပြင်းက ရင်ဖိုစရာကောင်းသည်။

      ''မထချင်တေးဘူးမှတ်လား.... ခနလောက်ပြန်မှေးအုံးလေ....'' နီမြန်းနေသော မျက်နှာဟာ မင်းစက်၏ ရင်ခွင်ထဲတွင် နေရာမရရှိလျက်။ တင်းနေအောင်ကျစ်ထားသော လက်သီးလေးက ကျယ်ပြန့်ကာ တင်းနေသော ရင်အုံကို တွန်းကာနေသည်။

      ''ဟို...ဟို....ဒီ.....ဒီနေနဲ့ဆို....၈နာရီလောက်ရှိပီထင်တယ်....''

      ''အာ့တာက အရေးကြီးလား...''

     ''အရေးကြီးတာပေါ့...မင်း...company ကိစ္စတွေပြန်ဦးဆောင်ရမယ်လေ...။ အန်ကယ်က wisonကို တစ်ဝက်ခွဲပေးပီးသားဆိုတော့...မင်းတာဝန်တွေတော့ နည်းသွားပီ....ဒါပေမဲ့ ပြန်ကျင့်သားကြအောင် ပြန်ရင်းနှီးအောင်လုပ်ရမှာကို....'' ရင်ခွင်ထဲ ထည့်ထားသော မိမိ့အား ပြန်ခွာစေသည်။ မိမိ့မျက်နှာသို့ ခပ်အေးအေးပြန်ကြည့်လာကာ ပါးလေးဆီသို့ ရွှတ်ခနဲ။

      ''ငါက မင်းနဲ့ပဲ ရင်းနှီးချင်တာ...။ အလုပ်တွေနဲ့ မဟုတ်ဘူး....''

     ''ဟော....!!''

    ''အင်းပါ....ဒါဆို ကိုယ်လဲ ထပီ....''

    ''ပီးရော jasperကို လွှတ်လိုက်မယ်....။ ငါ အခန်းပြန်အုံးမယ်...''      ကုတင်းပေါ်မှဆင်းကာ သွားမည်ပြင်သော မိမိ့အင်္ကျီအစွန်းစကိုဆွဲလာသည်။ ဒီတစ်ခေါက်ရော ဘာဖစ်ရပြန်ပြီလဲ။

The love on you💜Where stories live. Discover now