(Uni)
"ငါ America ပြောင်းတော့မယ်😁'' အရင်အတိုင်းမျက်နှာက ပြောင်စပ်စပ်ဖြင့် ပြုံးစွာ ပြောလာသည်။ ဒီလူကြီးရဲ့စကားတွေက ပြုံးပြုံးလေးနဲ့ မယုံရတာကိုလဲ ဟိန်းေဇသိသည်။ မျက်နှာလေးညိုးငယ်ကာ အရင်အတိုင်း ကြောင်နဲ့ကြွက်ကိုက်သလိုလဲ ရန်မဖစ်ရတော့ မိမိကို့လဲ အရင်လိုပျော်ရွင်အောင် ဟာသတွေပြောပေမဲ့သူမရှိတော့ဘူးလို့ တစ်မိနစ်လေးမျှတွေးလိုက်ရရုံတင် မိမိရင်ထဲမှာ ပူလောင်သွားရသည်။
"ပြန်မလာတော့ဘူးလား မင်းက..'' လေယာဥ်ကွင်းတွင် သွားလာနေကြသော လူတွေအကြား ထိုလူနှစ်ယောက်ရဲ့ စကားသံတွေဟာ တိတ်ဆိတ်လို့သွားခဲ့သည်။"ပြန်လာဖို့က မသိတေးဘူး။ အချိန်ရခဲ့သည်ရှိသော် ငါပြန်လာမှာပေါ့....'' အရင်လိုရယ်ကျဲကျဲဖြင့်ပြောလာတော့ ဟိန်းဇေလဲ ခေါင်းလေးငုံ့ကာ..
"အင်းပါ...ဟိုရောက်ရင်လဲ အဆက်အသွယ်လုပ်အုံးနော်....''
"အင်းပါ...ရောက်တာနဲ့ ငါ ဖုန်းဆက်လိုက်မယ်......'' မင်းစက်၏လက်တို့က မိမိပုခုံးနှစ်ဖက်တို့ကို လာရောက် ကိုင်လိုက်ကာ"လိလိမ္မာမ္မာနေနော်....ရှိိုင်းဝေခနဲ့လဲ တည့်သင့်ပီ....နောက်ပီး........'' စကားသံတို့က ပြတ်တောက်သွားတော့ ဟိန်းဇေတစ်ယောက် မင်းစက်မျက်နှာကို ကြည့်မိလိုက်သည်။ ခေါင်းလေးငုံ့ထားကာ ရှက်နေလား ဘာလားတော့ မသိ နည်းနည်းကြာတော့မှ
"ရည်းစားမထားနဲ့အုံးနော်...'' ထိုအခါမှ ဟိန်းဇေသိလိုက်သည်။ ဒါလေးပြောဖို့ကို ရှက်တာက တစ်ကြောင်း နှုတ်မှ စကားလုံးတို့ ထွက်ကျလာရန်အတွက် အားယူနေရတာက တစ်ကြောင်းဖြစ်နေသည်ဆိုတာကို။"Yo! Bro!!'' လှမ်းခေါ်ရာကို မင်းစက်နဲ့ ဟိန်းဇေ လှမ်းကြည့်လိုက်တော့ ကမ္ဘာအမြင်ကတ်ဆုံးအတွဲ ရှိုင်းဝေခနဲ့bunnyပင်။ နှုတ်ဆက်ဖို့ လာတွေ့တာတောင် ခရီးထွက်မဲ့သူက သူတို့လား မင်းစက်လားလို့တောင် မသဲကွဲပေ။
"Yo!! "
"အပြီးပြန်ပြီလားကွ...'' ထိုစကားကိုမကြားချင်ဆုံး ဟိန်းဇေကတော့ ဆန့်ကျင်ဖက်သို့ မျက်နှာပို့လိုက်ကာ မကြားချင်ယောင်နေနေမိသည်။
"အခြေအနေအရပါပဲ အလုပ်လေးရှိတာက တစ်ခု၊ နောက်ပီး fatherက ပြန်ခေါ်နေပြီလေ။ ''
"Okay ဟိုရောက်တော့ အဆက်အသွယ်လဲ လုပ်အုံးနော်....။မင်းနဲ့ငါက နှစ်နှစ်တောင် ပေါင်းလာကြတဲ့ သူငယ်ချင်းပေမဲ့ မင်းအကြောင်းလဲ ငါ တစ်စွန်းတစ်စတောင် မသိရဘူး တော်တော်လေးလျှိုတဲ့ကောင်။ '' ထိုသို့ပြောသည်ကို မင်းစက်ကတော့ ပြုံးစိစိနဲ့ပဲ....
"မသိချင်ပါနဲ့ကွာ...။ ဒါနဲ့ မင်းတို့ မင်္ဂလာဘယ်တော့ဆောင်မှာလဲ ငါ့ကို ဖိတ်အုံးနော်..''

YOU ARE READING
The love on you💜
ActionInvisible loveရဲ့ secondအတွဲဖစ်တဲ့ မင်းစက်နဲ့ ဟိန်းဇေတို့ကို The love on youမှာ ပြန်တွေ့ရမှာဖြစ်ပါတယ်။