Episode (29)

255 10 0
                                    

Uni#

        မြက်ခင်းစိမ်းလေးတွေဖြင့် လှလှပပရှိနေသော ဤခြံဝင်း။ အလှပန်းပင်တို့ သစ်ခွပန်းပင်တို့နှင့်အတူ သိပ်မတွေ့ဖူးသော အပင်မျိုးစိတ်တို့ကိုလဲ စိုက်ပျိုးထားသည်။ ဘယ်လိုပဲ ဖစ်ဖစ် အိမ်တစ်အိမ်မှာ အပင်စိုက်ရသည်ကလဲ အချိန်ပေးရသည်။ အလုပ်သမားကလဲ အဆင်သင့်ရှိတော့ ဥယျာဉ်လေးက စိမ်းစိမ်းစိုစိုဖြင့် ရေဖြန်းထားတာကြောင့် မြေသင်းအနံ့လေးကို ​ကြိုက်သည်။ ဟိန်းဇေစိတ်ရှုပ်လာတိုင်း ဒီထဲမှာ ခနခနလာလာနေဖြစ်သည်။

      အခုလဲ နားနေဖို့နှင့် စိတ်ဖြေရန်၊ တစ်ယောက်ထည်းသီးသန့်နေချင်တဲ့နေလို့ရအောင် ထို ဥယျာဉ် ထဲတွင် ခုံတန်းရှည်လေးတွေကို စားပွဲဝိုင်းပါရှိသည်။ ခုံတန်းရှည်လေးတွင် ကျောပြင်လေးက တစ်လှုပ်လှုပ်ဖြင့် သက်ပြင်းတွေဘယ်လောက်ချနေလဲတော့မသိ။ oliverလဲ ဒီအချိန်မှာ ရင်းနှီးတာဆိုလို့ မိမိ့ပဲရှိသည်။

       ''ဟိန်း.....?'' ပုခုံးအပေါ်သို့ လက်လေးတင်လိုက်ကာ နာမည်ကိုအစပြုရင်းခေါ်ဆိုလိုက်သည်။ ရှုပ်ထွေးမှုတွေနှင့် မပျော်ရွှင်သော ထိုကောင်လေးဟာ မျက်နှာလေးညိုးငယ်ကာ မော်ကြည့်လာသည်။

     '' aww oliver...ဘာကိစ္စ...'' ဘေးတွင် နေရာဝင်ယူလိုက်သည်။ ဟိန်းကြည့်နေရာသို့ကြည့်လိုက်တော့ ပန်းပင်လေးတွေမှာ လိပ်ပြာလေးတို့က ဟိုနားဒီနား။

     ''မင်း သိလား...။မင်းအခုလိုဖစ်နေပီဆိုကတည်းက မင်း သူ့ရဲ့အချစ်တွေဆီက ထွက်ပြေးနေတာပဲ....''

     ''ထွက်ပြေးနေတာမဟုတ်ပါဘူး။ သူငါ့ကို နောက်တစ်ကြိမ်ချစ်လာအောင် လုပ်ဖို့ တွေးနေတာပါ...''ထိုစကားကို oliverယုံကြည်သည်။ ဘာလို့ဆို တစ်နှစ်တာကာလအတွင်းမှာ ဟိန်းဇေ ဘယ်လိုကျော်ဖြတ်ခဲ့ရသည်ဆိုတာကို သူအသိဆုံးပဲမိုလို့။ ဒီကြားထဲ မိမိက ကိုယ်ဝန်က ရှိလိုက်သေးတော့ သူ့ခမျာ ကိုယ့်အတွက်လဲ ပူပန်ရ မင်းစက်အတွက်လဲ လုံးပမ်းရ။

     ''အဲ့လိုပဲ ဖစ်ရမှာပေါ့။ ဒါပေမဲ့ မင်းပျော်ပျော်နေသင့်တယ်။ မင်းရဲ့ မျှော်လင့်ချက်တွေဖစ်လာပီလေ။ သူ့မှတ်ဉာဏ်တွေပြန်ရအောင်က မင်းရဲ့အချစ်နဲ့ အချိန်က ကုသ ပေးမှာပေါ့။ သူနဲ့အတူတူအချိန်ဖြုန်း သူနဲ့ရင်းနှီးအောင်တစ်ဖန်ပြန်နေ။ အရင်က လုပ်ခဲ့တာတွေ အမှတ်တရတွေကို 1ကနေ ပြန်ရေးရမယ်...ဟုတ်ပီလား....'' 

The love on you💜Where stories live. Discover now