Uni#
''Jasper....!!'' မင်းစက်လှမ်းခေါ်မှုကြောင့် ခပ်မြန်မြန် အခန်းထဲ ဝင်ရောက်လာသည်။
''ဟုတ် boss....'' လိုက်ကာအမဲအုပ်ထားသော အရာကို ဖြုတ်ချလိုက်တော့ ပုံးတွေ ပုံးတွေဖြင့် မူးယစ်ဆေးဝါးတွေပင်။ သေချာစီစစ်ရင်း အထုပ်အရေအတွက်ကိုပါ တွက်ချက်နေသည်။
''ဒီနေ့အတွက် လမ်းကြောင်းကော ရှင်းရဲ့လား...''
''ဟုတ်...ရှင်းပါတယ်.....''
''အရောင်းအဝယ်ကိစ္စကို ဒီမှာ တစ်ခါတည်းဖြတ်မယ်...။ အဲ့တော့ မင်းတာဝန်ယူလိုက်။ ငွေamountနဲ့ စာရင်းကို သေချာလုပ်ထား။ တစ်ပြားတစ်ချပ်မှမလျော့စေနဲ့ ဆေးတစ်ပြားတစ်ထုပ်တောင်အပိုမပါသွားစေနဲ့။ စီးပွားရေးက စီးပွားရေးပဲ ကြားလား..."
''ဟ....ဟုတ်....boss!''
''အင်း....'' ထိုသို့ပြောပီး အေပါ်ထပ်သို့တက်သွားကာ အပြင်ကမမြင်ရသော မှန်နောက်ကွယ်တွင် လက်နှစ်ဖက်ကို pantအိတ်ကပ်ထဲ ထည့်ထားရင် ကြည့်နေသည်။ ခြေတချွတ်ချွတ်ဖြင့် မိမိအနားရောက်လာသည်။
''Boss ကျွန်တော့်ကိုခေါ်လားဗျ....''
''ငါ လူသုံးယောက်လောက်လိုချင်တယ်....''
''ဗျာ.....?'' ထူးထူးဆန်းဆန်းဖြင့် အလန့်တကြားစွာ ပြန်မေးလာတော့ မျက်မှောင်ကြုတ်ကာ ကြည့်လာသည်။
''နားက ကန်းနေလို့လား စကားကို နှစ်ခါပြန်ပြောရအောင်လို့...''
''မဟုတ်ပါဘူး boss။ ''
''ရအောင်သာ ရှာလာခဲ့ သူတို့လိုချင်တဲ့ amount ငါပေးမယ်....''
''အော်.....ဟုတ်ကဲ့....ကျွန်တော်လုပ်....''
''ဘာလုပ်မှာလဲ...ဒီအတိုင်းခေါ်ခဲ့လို့ရမလား ငတုံးရဲ့...။ အဲ့မှာ ငါစားပွဲခုံပေါ်မှာ စာရွက်စာတမ်းနဲ့ စာချုပ်ပါလုပ်ထားတယ် တခါတည်းယူသွား...။''
''အော် ဟုတ်ကဲ့ ကျွန်တော် တာဝန်ယူလိုက်ပါ့မယ်...'' လှုပ်တုတ်လှုပ်တုတ်ဖြင့် စားပွဲပေါ်က စာရွက်စာတမအချို့ကို ယွယွလေးကိုင်ကာ ထွက်သွားတော့သည်။

YOU ARE READING
The love on you💜
AcciónInvisible loveရဲ့ secondအတွဲဖစ်တဲ့ မင်းစက်နဲ့ ဟိန်းဇေတို့ကို The love on youမှာ ပြန်တွေ့ရမှာဖြစ်ပါတယ်။