Uni#
''ကိုယ်က Wisonပါ''
''ရပါပီရှင့်။ '' မှာထားတာတွေ လာချပေးရင်း waiterမလေးက ဆံပင်လေးကို နားအနောက်သို့ သပ်တင်ရင်း ပဲများပြနေသည်။ လာချပေးထားသော မုန့်တွေမှာ အပို cakeတစ်ခုတွေတော့ ဟိန်းဇေက လက်ညိုးထိုးကာ မေးသည်။
''ဒါက မှာတဲ့အထဲ မပါဘူးနော်...''
''ဒါက ဒီက အကိုလေးအတွက် သီးသန့်ကျွေးတာပါရှင့်...'' wisonဘက်ကို လက်ဖြင့်ပြလိုက်တော့ ဟိန်းဇေ နှာခေါင်းရှုံ့ပြသည်။
''အခွက်လေးချောတော့လဲ အလကားကျွေးတယ်။ ငါလဲ ချောတာပဲကို ငါ့ကြ မကျွေးဘူး ။ ဒီဆိုင်က စိတ်ဓါတ်ပဲ။ မလာတော့ဘူး....ဟွန်း...'' မြန်မာလိုပြောနေတာကြောင့် wisonက နားမလည်ပေမဲ့ ဇွန်းကို နှုတ်ခမ်းမှာကိုက်ထားပီး ဆူပုတ်ပုတ်ဖစ်နေတဲ့သူကြောင့် ပြုံးနေသည်။ ပွစိပွစိ လုပ်နေရာကနေ မျက်လုံးပင့်ကြည့်ကာ
''ဘာရီတာလဲ...''
''ဘာမှမဟုတ်ပါဘူး မင်းလုပ်နေတာလေးက ချစ်ဖို့ကောင်းလို့ '' လက်လေးကို ခါပြကာ ပြောသည်။ ဗိုက်ဆာလို့သည်နှင့်တူသည် စားနေတာ ခေါင်းကို မဖော်။ wisonကတော့ ဒီအတိုင်းထိုင်ကြည့်နေသည်။
''ဒါနဲ့ ခင်ဗျားနာမည်က wisonပဲလား။ တစ်ချို့တွေဆို middle nameတို့ sir nameတို့ရှိတယ်လေ။'' နှုတ်ခမ်းနီမဆိုးထားတာတောင် ပန်းရောင်သမ်းနေသော နှုတ်ခမ်းတို့ဆီတွင် creamတစ်ချို့တွယ်ကပ်နေတာ တွေ့တော့ tissueလေး ယူလိုက်သည်။ ခါးနည်းနည်းကုန်းလိုက်ကာ wison၏လက်တံတို့က ရှေ့တိုးလာကာ မိမိ၏နှုတ်ခမ်းပါးလေးဆီသို့ရောက်လာသည်။
''ဒီအရွယ်ရောက်နေပီ ပေအောင်စားတုံးပဲလား။ '' အမှိုက်ခြင်းထဲ လွှင့်ပစ်လိုက်ပီးနောက် ဟိန်းဇေကို ပြန်ကြည့်ကာ..
''ဒီအတိုင်း wisonပါပဲ ။ ဒါနဲ့ ဘာလို့သိချင်တာလဲ''
''ဒီအတိုင်းမေးတာပါ။ ဘာလို့လဲ လူကို ကြောက်အောင်လို့...''
''ခစ်..... အင်း...ဒါနဲ့ ဘယ်မှာနေတာလဲ''
''ဘာလုပ်ဖို့လဲ...''
''ဒီမှာ အသိမရှိလို့လေ ။ အခု မိတ်ဆွေတွေဖစ်ပီဆိုတော့ နောက်လာခဲ့ရင် လာလည်လို့ရအောင်ပါ။''

YOU ARE READING
The love on you💜
AksiInvisible loveရဲ့ secondအတွဲဖစ်တဲ့ မင်းစက်နဲ့ ဟိန်းဇေတို့ကို The love on youမှာ ပြန်တွေ့ရမှာဖြစ်ပါတယ်။