Episode (2)

651 28 2
                                    

  (Uni)

         မနေ့ညက မိမိကို ဖက်အိပ်သွားသော အထိအတွေ့၊ သူ့ရဲ့ရနံ့၊ ချန်ခဲ့သော စာလေးတို့က မိမိအား အိပ်ရာပေါ်ကနေ မဆင်းချင်တော့အောင် လေးလံထိုင်းမှိုင်းစေခဲ့သည်။ စိတ်ထဲတွင် တစ်ခုခု လစ်ဟာနေသလိုလို ဘာမှလဲ လုပ်ချင်စိတ်လဲ မရှိ  ဘေးနားက တစ်ချက်ချက်ဖြင့် အော်ကာ နေသော နာရီလေးကို လှမ်းကာ ကြည့်မိလိုက်တော့ ၇နာရီစွန်းစွန်းလေးပဲ ရှိနေသည်။

      Knock....knock....

     တံခါးခေါက်ရာကို ​မော့ကာ ကြည့်လိုက်တော့ အကိုဘုန်းမင်းရှိန်။

    "ငယ်လေး အဆင်ပြေရဲ့လား...''

မပွင့်တပွင့်မျက်လုံးလေးတို့က လေးလံစွာ လှုပ်ခပ်နေရင်း ခေါင်းဖြည်းဖြည်းငြိမ့်လိုက်မိသည်။

   "ပြေပါတယ် ကိုကြီး....''

  "ငါ အလုပ်သွားတော့မယ်။ ငယ်လေး နေအုံးမယ်ဆို သော့အပို ထားခဲ့တယ်။ ပြန်ရင် တံခါး သေချာပိတ်။ mainချသွား '' 

    "ဟုတ် ဂရုစိုက်သွားပါ...''

    "အင်း...'' အခန်းတံခါးနားက ခြေသံတို့က ဝေးဝေးသွားကာ ပျောက်သွားတော့သည်။ ဟိန်းဇေလဲ ဘေးရှိ ဖုန်းကို ယူလိုက်ကာ ဖွင့်လိုက်တော့ ဘာappမှမရှိ၊ contactsထဲတွင် phone number တစ်ခုသာ ရှိသည်။

    "ခေါ်လိုက်ရင် ကောင်းမလား။ ဘာတွေလုပ်နေတာလဲ မသိဘူး။ '' ဖုန်းနံပါတ်တစ်ခုသာ ပေါ်နေသော phone screenကို လက်ချောင်းလေးဖြင်​့ အပေါ်ဆွဲလိုက် အောက်ဆွဲလိုက် လုပ်နေသည်။ ထို့နောက် လက်ချောင်းလေးတို့က powerခလုတ်လေးကို နိုပ်ကာ ပြန်ပိတ်ရင်း ဖုန်းကို မီးအိမ်လေးအောက်သို့ ပြန်လည်ကာ ပို့ထားလိုက်သည်။ ကုတင်ပေါ်ကာ ဆင်းကာ ညက သွေးစွန်းထားသော အင်္ကျီတို့က မလဲရသေးတာဖြင့် ရေချိုးရန်အတွက် အခန်းတံခါးပိတ်ကာ သွားတော့သည်။
~~~~~~~~~~~~~~

      7:15 AM...., cafè ဆိုင်အတွင်းရှိ အစွန်ဆုံးဒေါင့်တစ်နေရာမှာ ထိုင်နေသော မင်းစက်တစ်ယောက်။ ညက ဒဏ်ရာကြောင့် ဗိုက်နားက တစ်ချက်ချက် နာနေသည်ကို လက်လေးဖြင့် ဖြေးဖြေးလေးဖိရင်းနေနေသည်။ အရှေ့သို​့ menuလာချပေးသော waiterက ပြူငှာစွာ ပြောဆိုလာသည်။

The love on you💜Where stories live. Discover now