(Uni)
ကံကောင်းချင်တော့ clothes storeက နီးနေသည်။ ဆိုင်အတွင်းဝင်တော့ ကောင်မလေးတစ်ယောက်က...
"အကို ဘာလေးတွေကြည့်မလဲ....'' ဟိန်းဇေလဲ ပတ်လည်တစ်လျှောက်ကြည့်လိုက်ပီး..
"ရတယ် အကို့ဘာသာ ရွေးလိုက်မယ်...''
"ဟုတ်....အကို...'' ကောင်မလေးလဲ ဘာမှမပြောပဲ ဒီအတိုင်းအနောက်ကပင်လိုက်တော့သည်။ ဟိန်းဇေလဲ ဟိုအင်္ကျီထုတ်ကြည့် ဒီအင်္ကျီထုတ်ကြည့်နဲ့...
"အဲ့ဘဲခန္ဓာကိုယ်နဲ့ဆို free sizeတွေမှပဲရမယ်... ။အဆင်ပြေတာပဲ ယူသွားတာပေါ့ ....'' T shirt free sizeတစ်ထည်နဲ့ pantsတစ်ထည်ယူပီး ရှက်ရှက်နဲ့ပင်အနောက်သို့လှည့်ကာ...
"ညီမ...boxerကလေ XL sizeရှိလား....''
"အကိုဝတ်မလို့လား...။အကိုနဲ့ဆို Mနဲ့ရတယ်လေ''
"အကိုဝတ်မှာမဟုတ်ဘူး....အကို့~~~'' ပြောခနီးကို နှုတ်ခမ်းနားလေးတင် ဘယ်လိုထွက်မလဲနဲ့ပင် တိုင်ပတ်နေတုံး...
"အကို့ကောင်လေးလား....'' အဲ့ကောင်မလေးထပြောမှပဲ ဟိန်းဇေတစ်ယောက် မျက်နှာကြီးရဲတွတ်ပီး ရေဆူနေသော ရေနွေးအိုးလိုပင်။....
"အ....အာ....အာ့ မဟုတ်ပါဘူး အကို့ သူငယ်ချင်းပါ...။'' အဲ့တော့မှ
"ခနလေးနော် အာ့တာဆို ညီမသွားယူပေးမယ်။'' အဲ့ကောင်မလေး ယူလာပြီးသည်နဲ့ ငွေရှင်းပြီးထွက်လာခဲ့တော့သည်။
တီ~~~တီ auto doorပိတ်သွားပြီးနောက် storeကို မျက်နှာလှည့်ကာ မျက်စောင်းထိုးကြည့်သည်။
"အရောင်းဝန်ထမ်းကို မိန်းကလေးများ ခန့်ထားရတယ်လို့ boxerရောင်းတာ ယောကျာ်းလေးရောင်းမှ အဆင်ပြေမှာပေါ့....။ အခုတော့ ကြည့်.......ဘာတဲ့....အကို့ကောင်လေး.....လေး~~~~~'' ထိုစကားအနားရောက်သည်နှင့် ရင်တွေခုန်လာကာ....ထိန်းမရဖြစ်လာလေတော့ ခပ်မြန်မြန်ပြေးတော့သည်။
4th floorကိုရောက်တော့ passဖွင့်ကာ ဝင်သည်။ အခုထိ သဘက်ကိုအောက်ပိုင်းပတ်လျှက်နှင့် လက်ပိုက်ပီး ကြည့်နေသော မင်းစက်။
"ကိုယ်တော် ဟော့ဒီက လူသား အအေးပတ်တော့မယ်။ ဘာလဲ ကောင်မလေး လိုက်ငမ်းနေတာလား ဟိုနားဒီနားတင်ကို....'' သူ့ကို အဲ့လိုပြောတော့ ပါးလေးဖောင်းနှုတ်ခမ်းလေးဆူပီး မျက်မှောင်ကြုတ်ကာ...

YOU ARE READING
The love on you💜
ActionInvisible loveရဲ့ secondအတွဲဖစ်တဲ့ မင်းစက်နဲ့ ဟိန်းဇေတို့ကို The love on youမှာ ပြန်တွေ့ရမှာဖြစ်ပါတယ်။