မူဂျီအယ်လ်
🌸pann
Part (2)
" နိုနိုရေ.. သမီး ဒေါက် ဒေါက် "
အင်း.. ။
ခေါ်သံကြားနေရသလို ရှိပေမယ့် နိုနို စောင်ကိုပခုံးလုံတဲ့ထိဆွဲခြုံကာ တစ်ဖက်လှည့်အိပ်လိုက်သည်.. ။
" ဒေါက် ဒေါက်.. နိုနို နိုနိုရေ သမီး "
ဒီတစ်ခါတော့ ပိုပြီးကြည်လင်တဲ့အသံပြင် နိုနိုနဲ့နီးကပ်လာတယ်လို့လည်း ခံစားနေရသည် ။
" နိုနိုရေ.. "
" ရှင် "
ဒီတစ်ခါတော့ နိုနို အသံလေးပြန်တုံ့ပြန်လိုက်သည် ။
" ထတော့လေ သမီး.. ခဏနေ ဘုန်းဘုန်းတွေကြွလာတော့မယ် "
" ဟုတ် "
ပါးစပ်ကသာ ဟုတ်နိုင်ပေမယ့် မျက်လုံးကတော့ မဟုတ်နိုင်နေသေး.. ။
ခုထိ မျက်လုံးလေးတွေမဖွင့်နိုင်သေးဘူး.. ။
အမေကနိုနိုကိုစိတ်မချတဲ့ပုံနဲ့ ထပ်နှိုးဆော်ပြန်သည် ။
" နိုနို.. သမီး ထနော် အမေနောက်တစ်ခါထပ်တက်လာဖြစ်မှာ မဟုတ်ဘူး "
" ဟုတ်.. ကဲ့ "
ညှင်းသဲ့သဲ့အသံလေးနဲ့ သံရှည်ဆွဲကာ နောက်တစ်ကြိမ်ဟုတ်ကဲ့ရပြန်သည်.. ။
" ထ.. ထတော့နော် "
ကဲ.. နိုနိုရေ ထတော့ဟ ။
" ဟုတ်ကဲ့.. ထပြီ မေရေ့ "
ပြန်အသံပေးတော့မှ အမေကစိတ်ချသွားဟန်ရှိပုံရတော့သည်.. ။
အခန်းရှေ့ကနေလည်းထွက်သွားတဲ့ခြေသံစစလည်း ကြားလိုက်ရပါသည် ။
နိုနိုလည်း ဆက်အိပ်လို့မဖြစ်သေးတာမို့ လေးတိလေးတွဲလေးနဲ့ ကုတင်မှဆင်းကာမျက်နှာသစ်သွားတိုက်ရသည်.. ။
မျက်နှာကိုရေနဲ့ထိပေးမှ မျက်လုံးလေးကအခုမှအမှန်ကန်ကို ဖွင့်လို့ရတော့တယ် ။
တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးမှ ဗီဒိုထဲကဇာဂါဝန်ဖြူ တစ်ထည်ထုတ်ဝတ်လိုက်သည်.. ။
ခေါင်းကိုလည်းသေချာဖြီးကာ ဘီးကုပ်လေးနဲ့ရှေ့ဆံပင်တွေလှန်ကုပ်ကြည့်လိုက်သည်.. ။
YOU ARE READING
မူဂျီအယ်လ် (Unicode)
Romance" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...