မူဂျီအယ်လ်
🌸pann
Part (22)
" ဖယ်ပါ.. ရှေ့ကနေ ကန့်လန့် ကန့်လန့်နဲ့ "
အံမယ်.. သူကပဲ ကျွန်တော့်ကို တွန်းပြီး အိမ်ထဲခပ်တည်တည် ဝင်လိုက်သေးတယ် ။
အိတ်တော့မသယ်သွားဘူး.. ။
" မဆိုးပါဘူး.. တိုက်ခန်းလေးက "
တိုက်ခန်းကိုပဲ လိုက်အကဲခတ်ကြည့်နေတာ..။
" ဟေ့ အိတ်က ဘာလုပ်တာလဲ.. "
" မနိုင်တော့လို့ မ ကူပါအုံး "
" ဘာ.. "
ဒီကောင်မလေး သပ်သပ်လူကို လာညစ်တာ.. သယ်စရာတောင်မလိုဘူး အောက်မှာဘီးလေးလုံးတောင်ပါတာ ။
တွန်းထည့်ရင်တောင် ရနေတာကို.. ။
နိုနိုခုံမှာခပ်ကြော့ကြော့လေး ဝင်ထိုင်နေလိုက်သည်.. ။
သွားပြီး မယူနေပါဘူး.. လူကိုမိဘအိမ်ပစ်ထားခဲ့ပြီး တစ်ယောက်ထဲဇိမ်လာယူနေတာ မကျေနပ်နိုင်ပါဘူး ။
ဒီလောက်ကတော့ ပြန်ပေးဆပ်ရမှာပေါ့..
" တောက်.. တကယ့် ငဂျစ် "
တကယ် လာမယူမယ့်ဆိုဒ်ချိုးပြနေတာ.. ။
အိတ်ကို တံခါးဝမှာပစ်ထားခဲ့ရအောင်လည်း မဟုတ်တော့ ကျွန်တော်ကပဲအထဲထည့်ရသည်..။
ရောက်ရောက်ချင်း လူကိုပညာပြသလိုလိုနဲ့.. ကျွန်တော်ကလည်း ပြန်ပြီးကွန့်လိုက်ရမှ ကျေနပ်တာလေ ။
အိတ်ကိုအဝင်ဝနားလေးမှာတင် ထားပြီးတံခါးပြန်ပိတ်ကာ အိမ်ထဲလျှောက်ဝင်သွားလိုက်သည်..။
" မင်း ဒီမှာအဟုတ်နေမှာလား.. "
ကိုကိုက ခုံပေါ် လက်နှစ်ဖက်လုံးနဲ့ ထောက်ရင်းမေးနေတာ.. ။
" ယောက်ျားရှိတဲ့နေရာ မိန်းမ လိုက်လာတာ မှားလို့လား.. "
အံမယ်.. ယောကျာ်း မိန်းမ နဲ့ လာကိုင်ပေါက်နေတာ ။
" မင်းက ဒီမှာနေရအောင် မင်းကိုငါခေါ်လို့လား.. "
" ခေါ်မှလာရအောင် သူစိမ်းလား.. ယောက်ျားမရှိတဲ့ ယောက္ခအိမ်မှာ တစ်ယောက်ထဲနေပြီးဘာလုပ်ရမှာလဲ နိုနိုမနေနိုင်ဘူး မိဘအိမ်လည်းပြန်သွားမနေနိုင်ဘူး "
CZYTASZ
မူဂျီအယ်လ် (Unicode)
Romans" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...