Part (29)

2.2K 74 0
                                    

မူဂျီအယ်လ်

🌸pann

Part (29)

" မင်း ကောင်းကောင်း သက်သာတာရော ဟုတ်ရဲ့လား နိုနို.. ဆေးမသောက်ချင်တိုင်း လိမ်နေတာလား "

ကိုကိုက အင်္ကျီကြယ်သီး တပ်ရင်း နိုနိုကိုမေးနေတာ.. ။

" လူကို မယုံသင်္ကာနဲ့.. တကယ် နိုနို သက်သာနေပြီ မယုံရင် စမ်းကြည့်ပါလား "

နိုနို ကိုကို့နားသွားပြီး လက်လေးနောက်ပစ်ကာ မျက်နှာကိုရှေ့တိုးပြလိုက်သည်.. ။

" ........... "

ဗိုရမ် ကြယ်သီးတပ်နေရင်းနဲ့ ကိုယ့်ရှေ့ရောက်လာတဲ့ နိုနို့နဖူးလေးကို လက်ဖမိုးနဲ့ စမ်းလိုက်သည်..။

" တွေ့တယ်မလား.. ကိုယ်ပူမရှိတော့ဘူး "

" အဲ့လိုဆိုတိုင်း မင်းပေါ့ပေါ့လျော့လျော့ မနေနေနဲ့.. ထပ်ဖျားသွားမယ် ဒီတစ်ခါထပ်ဖျားလို့ကတော့ ဆေးတစ်လုံးထဲထိုးခံရမှာမဟုတ်ဘူးနော်.."

" လူကို အဲ့လောက် မခြောက်ပါနဲ့.. "

" ဒါတောင် မင်းကြောက်လို့လား.. "

" ............. "

ဖိတ်ဖိတ်တုန်အောင် ကြောက်ပြနေရမှာလား..ဝေးသေး ။

နိုနို နှုတ်ခမ်းလေးကို စိပိတ်ရင်း ကိုယ်လေးကိုအသာလှုပ်ရမ်းနေမိသည်..။

" တောက်.. "

" အ့.. ကိုကို့ "

နိုနို့နဖူးကို သူ့လက်အားကြီးနဲ့ တောက်ချတော့ နာတာပေါ့.. ။

" မကြောက်ရင် စိန်လိုက်လေ.. ကြောက်သွားအောင် လုပ်ပြမယ် "

" ဟွန့် "

ကိုကိုက နာရီကိုကောက်ပတ်နေရင်း..

" နိုနို ငါအတည်မှာခဲ့မယ်နော်.. ရေထပ်မကိုင်နေနဲ့ အအေးထပ်ပတ်အောင်လည်း အားအားလျားလျား လေစိမ်းထွက်ခံမနေနဲ့.. မင်းလက်ခံထားတဲ့အလုပ်တွေရှိလည်း လောဘကြီးပြီးသွားလုပ်မနေနဲ့.. မင်းအလုပ်မလုပ်တာနဲ့ မွဲတေပြာကျမသွားဘူး ငါကလည်းသက်ရှိထင်ရှားအရှင်လတ်လတ်ကြီးရှိသေးတယ် အမေမွေးထားပေးတဲ့အတိုင်း အကုန်အကောင်းကြီး ခြေလက်မပြတ်နေဘူး.. ငါမင်းလောက်တော့လုပ်ကျွေးနိုင်တယ် "

မူဂျီအယ်လ် (Unicode)Donde viven las historias. Descúbrelo ahora