မူဂျီအယ်လ်
🌸pann
Part (11)
" ဒေါက်.. ဒေါက် သားရေ သား "
" ............ "
ကျွန်တော် ကုတင်ပေါ်မှာ ထိုင်ရင်းနဲ့ တံခါးခေါက်သံကြောင့် နေရာကမထဘဲလှမ်းကြည့်လိုက်သည်.. ။
တံခါးလော့ခ်ချထားတာမို့ အမေဝင်လာမှာကိုတော့မပူ ။
" သားရေ.. အမေ ဆေးယူလာတယ် ဆေးထည့်ရအောင်လေ "
" ရတယ် အမေ.. ကျွန်တော် ဘာမှမဖြစ်ဘူး အမေသွားအိပ်တော့ "
တံခါးမဖွင့်ပေးပေမယ့် ပြန်တော့ဖြေလိုက်သည်.. ။
မဟုတ်ရင် အမေအတော်စိတ်ပူနေမှာစိုးလို့..။
" ဆေးထည့်မှရမယ်ထင်တယ်.. နှုတ်ခမ်းပေါက်သွားတယ်မလား "
" ............ "
ကိုယ့်နှုတ်ခမ်းကိုယ် လက်မနဲ့စမ်းလိုက်ရင်း..
" ရတယ် ဒီလောက်ကတော့.. အမေ သွားအိပ်တော့ "
" သားရယ်.. ဆေးမထည့်ချင်လည်း ရေခဲလေးဖြစ်ဖြစ်ကပ်မလား အမေယူခဲ့ပေးမယ်လေ "
" ဟင့်အင်း မကပ်တော့ဘူး.. ကျွန်တော် အိပ်တော့မှာ အမေလည်းအိပ်တော့ "
" မဟုတ်သေးဘူးလေ.. သား သား "
" ........... "
" သား.. သားကြီး "
" ........... "
သားက ပြန်တောင်မထူးလာတော့.. ။
" သားရယ်.. ပြောရခက်လိုက်တာ "
ပြောရင်း မျက်ရည်ပါဝဲလာရသည်.. ။
တစ်ဖက်က ကိုယ့်သား.. တစ်ဖက်က ကိုယ့်ယောက်ျား ။
ဘယ်သူ့ဘက်ပါလို့ ပါရမှန်းတောင်မသိတော့ဘူး.. ။
တစ်နေရာရာကိုသာ ထွက်သွားလိုက်ချင်တော့တယ် ။
" .............. "
သားအခန်းထဲက ဘာမှပြန်မတုံ့ပြန်လာတော့လည်း ဒေါ်ကေဇင်လက်သာလျှော့ပြီး မျက်ရည်တွေနဲ့အောက်ထပ်သာ ပြန်ဆင်းလာခဲ့လိုက်သည်..။
အခန်းထဲရောက်တော့ ယောက်ျားဖြစ်သူကလည်း တစ်ဖက်ကို ကျောပေးပြီးလှည့်အိပ်နေပြီ..။
BẠN ĐANG ĐỌC
မူဂျီအယ်လ် (Unicode)
Lãng mạn" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...