မူဂျီအယ်လ်
🌸pann
Part (25)
ဒီနေ့ အိမ်မှာ မနက်အစောကြီးကတည်းက အလုပ်ရှုပ်နေရသည်.. ။
" အေး မင်းတို့ရောက်တော့မှာလား.. "
" ရောက်တော့မယ် ဆယ်မိနစ်လောက်စောင့်.."
" အေး.. ဘုန်းကြီးပင့်ဖို့ အချိန်ကပ်နေလို့ မင်းတို့ကိုဖုန်းလှမ်းဆက်ကြည့်တာ ရောက်တော့မယ်ဆိုတော့လည်းပြီးတာပဲ "
" ရောက်တော့မယ်.. "
" အေး.. ငါ ဖုန်းချလိုက်တော့မယ် "
ဗိုရမ် ဖုန်းဆက်ပြီး ထမင်းစားခန်းဘက် ရောက်လာသည်.. ။
နိုနိုက မုန့်ပွဲအချိုပွဲတွေကို ပြင်ဆင်နေတာ...
ကြက်သွေးရောင် ဝမ်းဆက်လေးနဲ့အလှတွေငြိမ်နေတာ.. ။
ခါးတိုမို့ သူတစ်ခုခုယူတာချတာလှမ်းလိုက်တိုင်း လစ်ခနဲ လစ်ခနဲ ပေါ်လာတတ်တဲ့အသား..။
" နိုနို "
" ဟင်.. "
ကျွန်တော်ခေါ်တော့ လှည့်ကြည့်လာသည်..။
" ငါ့သူငယ်ချင်းတွေ ရောက်တော့မယ်.. ဘုန်းကြီးတစ်ခါထဲ သွားပင့်မလို့ "
" ဪ အင် အင်.. "
ဗိုရမ် နိုနို့ကို ပြောပြီးလှည့်ထွက်မယ်အလုပ်..
" ကိုကို ခဏ ခဏ.. "
ခဏဆိုလို့ ခဏလိုက်ရပါသေးသည်.. ။
" ဘာလဲ.. "
" .............. "
အနားရောက်လာပြီး အင်္ကျီကိုလာထိကိုင်နေတာ..။
" နည်းနည်းစောင်းနေလို့.. စမတ်ကျကျ ဝတ်မှပေါ့ "
" မင်းထက်တောင် ငါပိုသိသေး.. "
" အွန်းပါ.. ဒီထက်မကပိုကြည့်ကောင်းအောင်လို့ ကူညီရသေး "
" တီ တီ.. "
ကားဟွန်းသံ နှစ်ချက်ထွက်လာသည်.. ။
" ရောက်နေကြပြီထင်တယ်.. ငါသွားတော့မယ်"
" ဟုတ် "
ကိုကိုလည်း သူ့သူငယ်ချင်းတွေနဲ့ ဘုန်းကြီးပင့်ထွက်သွားပြီ.. ။
YOU ARE READING
မူဂျီအယ်လ် (Unicode)
Romance" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...