မူဂျီအယ်လ်
🌸pann
Part (12)
ဗိုရမ် အဝတ်စားလဲပြီးတာနဲ့ လွယ်အိတ်ယူ ကားသော့ကောက်ပြီး ဆင်းလာခဲ့လိုက်သည်..။
ဒုတိယတစ်ဆမ်(sem)တောင် ပြန်ဖွင့်ပြီလေ..။
အရင်တစ်ပတ်ကျော် နှစ်ပတ်လောက်က ကားသော့ပြန်ရထားလို့တော်သေးတယ်.. ။
မဟုတ်ရင်ကျောင်းတက်တဲ့ချိန် ကိုယ့်မှာ ငေါင်ပြီးရှိုးပဲ့အုံးမှာ ။
အမေကတော့ အဖေ့ကိုပြောပြီး ကျွန်တော့်ကားသော့ယူလာတယ် ပြောတာပဲ.. အဖေမသိဘဲယူလာရင် ကျွန်တော်ကလက်ခံမှာမဟုတ်ပါဘူး ။
" အဖေ သိရောသိလို့လား.. သူမသိရင် ကျွန်တော်မယူဘူး "
" သားအဖေကို အမေကိုယ်တိုင်ပြောပြီး ယူလာပါတယ်ဆို သိတာပေါ့ "
" အဖေက ခွင့်ပြုလို့လား.. "
" ခွင့်ပြုလို့လည်း အမေ့လက်ထဲပါလာတာပေါ့.."
အဖေက ခွင့်ပြုတယ်ဆိုလို့ ယူလိုက်ပါတယ်လေ.. ။
ကိုယ်လည်းကိုယ့်ကားကို ဘယ်လောက်လွမ်းနေခဲ့တာမှတ်လို့.. ။
အိုက်တင်တွေ ပဲတွေ ဇွတ်ခံမနေတော့..
" သား.. ကားကို ဖြေးဖြေးမောင်းအုံးနော် သားအဖေကသားအတွက်ပြောတာ သားအဖေဆူတာကသားအတွက်ချည်း.. သားလည်းကျောင်းပြီးရင် ရှေ့ဆက်သွားရမယ်လေ အလုပ်ထဲဝင်ရမယ် ကြိုးစားရအုံးမယ် သားအိမ်ထောင်ကျတဲ့ချိန်လည်းမိန်းမနဲ့ကလေးတွေကို သားပဲတာဝန်ယူရမှာ.. သားလည်းစဉ်းစားထားဖို့ လိုတယ်လေ သားအဖေကိုအပြစ်မမြင်ပါနဲ့ကွယ် "
အမေ.. ကျွန်တော် အဖေ့ကိုဘယ်တုန်းကမှ အပြစ်မမြင်ခဲ့ဘူး ။
အမေ့ကိုတော့တစ်ခွန်းမှပြန်မပြောလိုက်ပေမယ့် ကျွန်တော့်စိတ်ထဲတော့ အမေ့ကိုတီးတိုးလေးဖြေလိုက်သည်.. ။
" ဟော သား.. ကျောင်းသွားတော့မလို့လား "
" ဟုတ်ကဲ့.. "
" အာ့ဆို သား အပြန်ကျ အမေ့ကို ကြက်ဥလေး ဝယ်လာပေးလို့ရမလား.. "
" ရတယ်လေ.. ကြက်ဥပဲလား "
" နှစ်မျိုး သုံးမျိုးရှိသေးတယ်.. သား ဝယ်ခဲ့မလား"
KAMU SEDANG MEMBACA
မူဂျီအယ်လ် (Unicode)
Romansa" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်တွေဆိုပိုဆိုးသေးတယ် မတည်မြဲတဲ့ထဲမှာရင်ခုန်သံလည်းပါတယ်နော် သတိလေးကပ်အုံး " မချစ်ခဲ့ဖူးတဲ့နှလုံးသားက ပ...